လူတစ်ယောက်ရဲ့ ကိုယ်ဟန်မူရာက အဲ့ဒီလူရဲ့ ဆွဲဆောင်မှုရှိခြင်းမရှိခြင်းအပေါ်အများကြီး သက်ရောက်မှုရှိစေပါတယ်။ အများစုကတော့ ဝတ်စားဆင်ယင်မှုက လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိခြင်းကို သတ်မှတ်ပေးနိုင်တယ်လို့ ပြောကြပါတယ်။

ဒါလည်းမှန်ပါတယ်။ သို့သော် ကိုယ်ဟန်အမူအရာကလည်း မေ့ထားလို့မရဘူးဆိုတာတော့ သတိပြုဖို့လိုပါလိမ့်မယ်။

(၁) ခြေထောက်နှစ်ဖက် လှိမ်ယှက်ထားခြင်း

ခြေလှိမ်ယှက်ရပ်နေခြင်းဟာ ပြောနေတဲ့ အကြောင်းအရာအပေါ် ယုံကြည်မှုအပြည့်အဝမရှိပုံကို ဖော်ပြခြင်းဖြစ်ပါတယ်။ သင်ရဲ့လက်တွေကို အိတ်ကပ်ထဲ ထည့်ထားမယ်ဆိုရင် သင်ပြောနေတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး စိတ်ဝင်စားသူ တစ်ယောက်မှရှိလိမ့်မှာမဟုတ်ပါဘူး။

သင့်လက်တွေကို အိတ်ကပ်ထဲ ဖွက်ထားသလို သင့်ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကိုလည်း ဖုံးကွယ်ဖို့ အမြဲလိုလိုကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အမှန်တကယ်တော့ ယခုကဲ့သို့ ကိုယ်ဟန်အမူအရာက အဓိပ္ပာယ်များစွာရှိပါတယ်။

မလွှဲသာမ‌ရှောင်သာသော အခြေအနေမျိုးတွင် အားလုံးစုပေါင်း အဓိပ္ပာယ်ကောက်ခြင်းလဲ ဖြစ်နိုင်သလို သို့မဟုတ် စိတ်လှုပ်ရှားသောသောအခါတွင်လည်း ဒီလိုအပြုအမူကို အများဆုံး ပြုလုပ်ကြပါတယ်။

(၂) လက်ကောက်ဝတ်ကို အခြားလက်တစ်ဖက်မှ ဆုပ်ကိုင်ထားခြင်း

လက်နောက်ပြန်ပစ်ပြီး ဆုပ်ကိုင်ထားခြင်းဟာ အခြားသူအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့ အပြုအမူကို ဖော်ပြတဲ့ အမူအရာဖြစ်ပါတယ်။ များသောအားဖြင့် စိတ်ဆိုးဒေါသထွက်နေသည့်အချိန်မှာ ပြုလုပ်တတ်တဲ့ ကိုယ်ဟန်အနေအထားဖြစ်တတ်ပါတယ်၊ ပြီးတော့ လက်တွေကို မြှင့်ထားပြီး ဆုပ်ကိုင်ထားလေလေ တခြားသူအပေါ် ကျေနပ်အားရမှုမရှိခြင်းကို ပေါ်လွင်လေလေ ဖြစ်ပါတယ်။

(၃) အရုပ်ကြိုးပြတ်နေခြင်း

ဒါဟာ မကောင်းသော ဟန်အမူအရာဖြစ်ပါတယ်။ ဒီအမူအရာက ကျန်းမာရေးထိခိုက်ရုံသာမက ခိုကိုးရာမဲ့ခြင်း၊ မဝံ့မရဲဖြစ်နေခြင်း နှင့် ဘဝကို မကျေနပ်ခြင်း ရှိနေသည်ကိုလည်း ညွှန်ပြပါတယ်။ လမ်းလျှောက်သည့်အခါ ခေါင်းမော့ ၊ ရင်ကော့ပြီးခြေထောက်များကို ဆန့်ထားပါ။ အထက်ပါအချက်များအားလုံးက ဝတ်ကောင်းစားလှ ဝတ်ထားခြင်းထက်ပင် ကိုယ်ဟန်အမူအရာကောင်းကို အထောက်ပံ့ပေးပါလိမ့်မယ်။

(၄) လက်သီးဆုပ်ထားခြင်း

ရင်ဝယ်ပိုက် လက်ပိုက်ခြင်းအနေအထားတွင် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားခြင်းက “ငါလည်းဒီမှာရှိမနေချင်တော့ဘူး ၊ ဒါငါ့အပူပါ နင့်အပူလည်းမဟုတ်ပါဘူးကွာ “ လို့ အဓိပ္ပာယ်ရပါတယ်။ အခြားသူများအတွက်တော့ စိတ်ကျေနပ်စရာကောင်းသော အပြုအမူတစ်ခုမဟုတ်ပါ။