အလေ့အကျင့်ကောင်းတွေက လုပ်ရခက်သလို အကျင့်ဆိုးတွေကလည်း ဖျက်ရခက်ပါတယ်။ ဒါပေမယ့် အကျင့်ဆိုးတွေကို မြန်မြန်သိပြီး ဝေးဝေးရှောင်နိုင်လေ အလုပ်မှာ၊ ဘဝနဲ့ ပေါင်းသင်းဆက်ဆံရေးက ပိုကောင်းလေပါပဲ။

ဒါကြောင့် တတ်နိုင်သမျှအမြန်ဆုံး ဖယ်ရှားပစ်သင့်တဲ့ အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အချိန်စောင့်တာ

သင်ဘာကို စောင့်နေတာလဲ? အချိန်မှန်လို့ ခေါ်တာ ဘာမှမရှိပါဘူး။ ကိုယ်လုပ်ဖို့ဆုံးဖြတ်တဲ့အချိန်က စဖို့အကောင်းဆုံးအချိန် အသင့်တော်ဆုံးအချိန်ပါ။ ဒါကြောင့်

မအိပ်ခင်ဖုန်းသုံးတာ

ညဘက် မအိပ်ခင် ဖုန်း ကွန်ပျူတာ သုံးတာက အိပ်ချိန်ကို တကယ်အနှောင့်အယှက်ဖြစ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တာမလို့ မအိပ်ခင် အနည်းဆုံး တစ်နာရီအလိုမှာ ဖုန်းကို ပိတ်လိုက်ပါ။

Yes လို့အမြဲပြောတာ

အချိန်တိုင်း Yes လို့ပြောပြီး မကြိုက်တဲ့သူတွေနဲ့ ဘယ်လောက်ကြာကြာထိုင်ပြီး ပျော်နိုင်မလဲ ? အရာရာတိုင်းကို Yes လို့ပြောပြီး စိတ်ဆင်းရဲရမယ့်အစား “NO” လို့ပြောပြီး ပျော်ရွှင်လိုက်ပါ။

တခြားလူနဲ့နှိုင်းယှဉ်တာ

ကိုယ်ရဲ့ အသက်မွေးဝမ်းကျောင်း၊ ရုပ်ရည်၊ အိမ်ထောင်ဖက်၊ လစာ၊ ချမ်းသာမှုကို တခြားသူတွေနဲ့ နှိုင်းယှဉ်ဖူးလား ? ဒီလိုနှိုင်းယှဉ်တာကနေ ပြန်ရမှာက ပျော်ရဖို့ထက် စိတ်ဆင်းရဲဖို့က ပိုများပါတယ်။ ကိုယ့်အလုပ်ကနေ ပျော်ရွှင်ကျေနပ်မှုရနေရင်ဘဲ လမ်းကြောင်းမှန်ပေါ်ရောက်နေပါပြီ။

နောက်ကျတာ

အိပ်ယာထနောက်ကျတာ၊ မနက်စာစားဖို့နောက်ကျတာ ၊ အလုပ်ချိန်နောက်ကျတာတွေအတွက်က တစ်နေ့တာလုံးအတွက် ရလဒ်မကောင်းဖြစ်ပြီး စည်းမဲ့ကမ်းမဲ့ဖြစ်နေတော့မှာ အသေချာမလို့ ဒီအကျင့်က သေချာပေါက်ပြင်ဖို့ လိုပါတယ်။

Toxic relationships

ကိုယ့်စိတ်ကို အဆိပ်သင့်စေတဲ့လူတွေက ဘယ်လိုမှ ရှောင်လွှဲလို့ မရဘူး။ နေရာတိုင်းမှာ သူတို့ အမြဲရှိနေပါတယ်။ ဒီလိုလူတွေအတွက် ကိုယ့်ရဲ့စွမ်းအင်တွေကို ဖြုန်းတီးနေမယ့်အစား ကိုယ့်ဘဝရဲ့ အပြုသဘောဆောင်တဲ့ လူတွေကို အာရုံစိုက်ပါ။