အသားအရေကောင်းချင်တိုင်း မိန်းကလေးတိုင်းကတော့ ပိုကောင်းတဲ့နည်းလမ်းတွေ၊ ပိုကောင်းတဲ့အလှကုန်ပစ္စည်းတွေကိုရှာပြီး အသုံးပြုလာကြပါတယ်။ ဘယ်လိုပဲကောင်းတဲ့ပစ္စည်းတွေ သုံးနေပါစေ နည်းလမ်းတွေကမှားယွင်းနေမယ်ဆိုရင်တော့ ကောင်းမွန်တဲ့အသားအရေမျိုးကို ပိုင်ဆိုင်လာရမှာမဟုတ်ပါဘူး။

အသားအရေထိန်းသိမ်းတယ်ဆိုတာကလည်း ပစ္စည်းကောင်းတွေကိုသုံးနေရုံနဲ့ မပြည့်စုံသေးပါဘူး။ ဒီလိုအရာတွေကိုလည်း သတိထားနိုင်မှ ကောင်းမွန်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

မျက်နှာသစ်ပြီးသွားတဲ့အချိန်မှာ Moisturizer ကိုမဖြစ်မနေလိမ်းပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာပေါ်ကဘက်တီးရီးယားတွေကို သန့်စင်ဖို့အတွက်မျက်နှာသစ်တဲ့အခါမှာ အသားအရေပေါ်က အစိုဓာတ်နဲ့ရေဓာတ်တွေကိုပါ ခမ်းခြောက်သွားစေတာကြောင့် မျက်နှာသစ်ပြီးသွားတဲ့အချိန်တိုင်းမှာ Moisturizer ကိုပုံမှန်လိမ်းပေးဖို့လိုပါတယ်နော်။

ရေချိုးဆပ်ပြာကို မျက်နှာသစ်ဆေးအနေနဲ့အသုံးပြုတာမျိုးက အသားအရေကိုမြန်မြန်ပျက်စီးစေဖို့ ဖန်တီးနေသလိုဖြစ်နေစေပါတယ်။ ရေချိုးဆပ်ပြာတွေမှာ မျက်နှာအသားအရေအတွက် ကောင်းမွန်စေတဲ့အရာမျိုးတွေ မပါဝင်နေတာကြောင့် သုံးစွဲတာများလာတဲ့အခါမှာ အသားအရေကိုခြောက်သွေ့လာတာတွေ အရေပြားမှာဆဲလ်သေတွေကို ဖြစ်လာစေတာမျိုးတွေကြောင့် စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။

မျက်နှာသစ်ဆေးနဲ့ပဲ မလုံလောက်သေးပါဘူး။ မျက်နှာသစ်ဆေးက မျက်နှာမှာရှိတဲ့ ဘက်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေကိုဖယ်ရှားပေးနိုင်ပေမယ့် မိတ်ကပ်လိမ်းနေကြပျိုမေတို့အတွက်တော့ မျက်နှာသစ်ဆေးတစ်မျိုးထဲနဲ့ မလုံလောက်သေးဘူးလို့ ပြောလို့ရပါတယ်။ ဒါကြောင့် Makeup Remover လေးကိုလည်းဆောင်ထားပြီး မိတ်ကပ်တွေကိုအရင်ပြောင်အောင် ဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့ပြန်ပြီးတော့ သန့်စင်ပေးမှအဆင်ပြေမှာပါ။

ခေါင်းအုံးစွပ်တွေကိုမလဲပေးတာကလည်း အသားအရေအတွက်ပြဿနာတစ်ခုလို့ ဆိုလို့ရပါတယ်။ ညဘက်အိပ်စက်တဲ့အချိန်တိုင်းမှာ မျက်နှာအသားအရေက ခေါင်းအုံးစွပ်တွေနဲ့ အမြဲထိတွေ့နေရတာဆိုတော့ သန့်ရှင်းမှုမရှိနေဘူးဆိုရင် မျက်နှာပေါ်မှာဘက်တီးရီးယားတွေဖြစ်ပေါ်ပြီး ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။

အမျိုးမျိုးသုံးစွဲတတ်တဲ့အကျင့်ကလည်း အသားအရေကိုပျက်စီးစေဖို့ အခွင့်အလမ်းပိုပြီးတော့များနေစေပါတယ်။ သူများကကောင်းတယ်လို့ညွန်းလိုက်တဲ့ ပစ္စည်းတိုင်းကိုလိုက်ဝယ်ပြီး အမျိုးမျိုးသုံးစွဲနေမယ်ဆိုရင်တော့ အသားအရေကပုံမှန်မဟုတ်တော့ပဲ အပြောင်းအလဲတွေကြောင့် ပိုပြီးတော့ပျက်စီးလာနိုင်ပါတယ်။

ဒီအချက်တွေကတော့ အသားအရေကိုထိန်းသိမ်းဖို့အတွက် ပစ္စည်းကောင်းတွေအပြင် နောက်ထပ်ထပ်ပြီးတော့ သိထားသင့်တဲ့အရာတွေဖြစ်တာကြောင့် ဆင်ခြင်မယ်ဆိုရင်တော့ လှပတဲ့အသားအရေမျိုးကိုပဲ ရရှိပိုင်ဆိုင်နေစေမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest