တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ပင်ပန်းသလိုဖြစ်နေတဲ့ ခံစားချက်မျိုး ရှိဖူးကြမယ်ထင်ပါတယ်။ အကြောင်းပြချက်ကတော့ သင့်ကိုပင်ပန်းအားနည်းစေတဲ့ အကျင့်ဆိုးတွေကို ဆက်ထိန်းထားလို့ပါပဲ။ ဒီနေ့မှာတော့ သင့်ကိုအားနည်းစေတဲ့ အကျင်းဆိုးတွေကို ပြုပြင်နိုင်မယ့်နည်းလေးတွေ အကြောင်းပြောပြပေးသွားမှာပါ။

(၁) ကတိတည်ပါ

Photo : Shutterstock

သင်မထိန်းသိမ်းနိုင်တဲ့ ကတိမျိုးကို တခြားလူတွေကို မပေးမိပါစေနဲ့။ ဒီလိုမှမဟုတ်ဘဲ ကတိတစ်ခုကို လွယ်လွယ်ပေးပြီး ကတိမတည်နိုင်တဲ့အခါမှာ နာမည်ပျက်ကျန်ခဲ့ ပါလိမ့်မယ်။ ဒါကြောင့် ကတိပေးပြီးရင် တည်နိုင်အောင်ကြိုးစားပါ။

(၂) အဆိပ်လိုလူမျိုးတွေဆီကနေ ဝေးဝေးရှောင်ပါ

Photo : Shutterstock

တစ်ချို့လူတွေက သူတို့ကို စေတနာနဲ့ ဘယ်လောက်ပဲ ကူညီပေးပါစေ ကျေးဇူးမတင်တဲ့အပြင် ဝေဖန်ပြစ်တင်တက်ကြပါတယ်။ ဒီလို အဆိုးမြင်ဝါဒရှိတဲ့လူတွေက သင့်ကိုအားနည်းစေပါတယ်။ ဒါကြောင့် အဆိပ်လိုလူမျိုးတွေဆီကနေ ဝေးဝေးရှောင်ပြီး အကောင်းမြင်ဝါဒရှိတဲ့ လူတွေအနားမှာ နေနိုင်အောင် ကြိုးစားပါ။

(၃) အကြွေးတွေကို အချိန်မှန်ဆပ်ပါ

Photo : Shutterstock

အကြွေးကင်းခြင်းက သင့်ဘဝကို ပျော်ရွှင်စေမှာပါ။ အကယ်၍ တခြားလူတွေဆီကနေ အကြွေးယူထားသည်ရှိခဲ့သော် အချိန်မှန်ဆပ်ပေးပါ။ တခြားလူတွေကို သင့်အပေါ် ကောင်းမွန်စွာ ပြုမူဆက်ဆံ စေချင်သလို တခြားလူတွေကိုလည်း ကောင်းမွန်စွာပြုမူ ဆက်ဆံပေးပါ။

(၄) ခွင့်လွှတ်ဖို့သင်ယူပါ

Photo : Shutterstock

တစ်စုံတစ်ယောက်ကို ခွင့်မလွှတ်ဖို့ ရွေးချယ်လိုက်ခြင်းက သင့်အနေနဲ့ ခံစားရဖို့ ရွေးချယ်လိုက်ခြင်းပါပဲ။ အမုန်းတွေနဲ့ သင့်ကိုယ်သင် အဆိပ်ခပ်နေမယ့်အစား ခွင့်လွှတ်ပေးပြီး ရှေးဆက်နိုင်ဖို့ကြိုးစားပါ။ တစ်စုံတစ် ယောက်ကို ခွင့်လွှတ်ပေးလိုက်ပြီဆိုရင် သင့်စိတ်ထဲမှာ ပေါ့ပါးသွားပြီး နေလို့ထိုင်လို့ ကောင်းသွားပါလိမ့်မယ်။