မျက်နှာပေါ်ကအရေပြားပေါ်မှာ ချွေးပေါက်လေးတွေဆိုတာ အမြဲတမ်းရှိနေတတ်ပါတယ်။ ဒီချွေးပေါက်လေးတွေက ပုံမှန်တိုင်းဆိုရင်တော့ အသားအရေကိုကောင်းမွန်အောင်လုပ်ပေးနိုင်ပေမယ့် အဆီပြန်တာတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေကြောင့် ချွေးပေါက်လေးတွေကပိတ်ဆို့သွားပြီး ဝက်ခြံတွေဖြစ်စေဖို့အခွင့်အလမ်းပိုပြီးတော့ များလာစေပါတယ်။ ဒီလိုမျိုးတွေ မဖြစ်ရလေအောင် ချွေးပေါက်တွေကိုပိတ်စေမယ့်လုပ်ရပ်မျိုးတွေကို ရှောင်သင့်ပါတယ်။

မျက်နှာကိုကိုင်တွယ်နေတတ်တဲ့အကျင့်

မျက်နှာကိုလက်နဲ့ကိုင်နေတတ်တဲ့ အကျင့်မျိုးရှိတယ်ဆိုရင်တော့ ဒီလိုပြဿနာတွေဖြစ်ဖို့အခွင့်အလမ်းပိုပြီးတော့ များသွားပါပြီ။ လက်ဆိုတာ ဘက်တီးရီးယားတွေအများဆုံးကပ်တွယ်နေနိုင်တဲ့ နေရာဖြစ်တာကြောင့် မျက်နှာကိုခဏခဏ ထိတွေ့ကိုင်တွယ်နေမယ်ဆိုရင်တော့ ချွေးပေါက်တွေမှာ ဘက်တီးရီးယားတွေ ပိတ်ဆို့ပြီးဝက်ခြံတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဆေးလိပ်သောက်တတ်တဲ့အကျင့်

ဆေးလိပ်သောက်တယ်ဆိုတာကျန်းမာရေးအတွက်လည်း မကောင်းသလို အသားအရေအတွက်ဆိုရင်လည်း ဆိုးကျိုးတွေကိုဖြစ်စေတတ်ပါတယ်။ ဆေးလိပ်သောက်တာက အသားအရေကိုခြောက်သွေ့လာစေတာဆိုတော့ ချွေးပေါက်တွေကိုလည်းပိတ်ဆို့လာစေတာဆိုတော့ ဆင်ခြင်ဖို့တော့လိုပြီပေါ့။

ညစ်ပတ်နေတဲ့နေရာတွေမှာအိပ်တာ

အိပ်ယာခင်းတွေ ခေါင်းအုံးစွတ်တွေဆိုတာက တစ်ပတ်တစ်ခါမဟုတ်ရင်တောင် နှစ်ပတ်တစ်ခါလောက်ပုံမှန်လေ ျှာ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ အိပ်ယာခင်းတွေ ခေါင်းအုံးစွပ်တွေဆိုတာက အသားအရေနဲ့ထိတွေ့နေရတဲ့ အရာတွေဖြစ်တာကြောင့် သန့်ရှင်းမှုမရှိတဲ့အခါမှာ ဘက်တီးရီးယားတွေကြောင့် မျက်နှာအသားအရေမှာ ဝက်ခြံတွေဖြစ်လာစေနိုင်ပါတယ်နော်။

မိတ်ကပ်တွေမဖျက်ပဲအိပ်မယ်

မိတ်ကပ်တွေမဖျက်ပဲအိပ်တာက အသားအရေကိုပျက်စီးစေနိုင်တယ်ဆိုတာကိုတော့ အားလုံးလည်းသိထားပြီးသားဖြစ်နေပါပြီ။ ဒါက ဘာကြောင့်လည်းဆိုတော့ လိမ်းထားတဲ့မိတ်ကပ်တွေက တစ်နေ့လုံးအဆီတွေပြန်ပြီး ချွေးတွေနဲ့ဖြစ်နေတဲ့အပြင် ဖုန်တွေကကပ်ပြီး ဘက်တီးရီးယားတွေက အစပျိုးနေပြီပေါ့။ ဒီလိုအချိန်မှာ မျက်နှာမသစ်ပဲအိပ်ယာဝင်လိုက်တော့ ဘက်တီးရီးယားတွေ ပိုပိတ်ဆို့ပြီးဝက်ခြံတွေကို ဖြစ်လာစေတာပဲဖြစ်ပါတယ်။

Photo Source: Unsplash