နှုတ်ခမ်းနီဆိုရင် အနီရောင်ဆိုးရတာကြိုက်တဲ့ ကောင်မလေးတွေနဲ့ Bad Girl စတိုင်လ်မျိုးလေးကြိုက်တဲ့ ကောင်မလေးတွေအတွက် အထာကျကျနဲ့လှနေမယ့် Bad Girl စတိုင်လ် မိတ်ကပ်ပြင်ဆင်နည်းကို မျှဝေပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းပဲ အရင်ဆွဲပေးပါ။
အောက်ခံမိတ်ကပ် foundation ကို ပုံမှာပြထားတဲ့အတိုင်း makeup sponge နဲ့ လိမ်းပေးပါ။
ပြီးမှ concealer ကို ပုံမှာပြထားတဲ့နေရာလေးတွေမှာ သုံးပါမယ်။ concealer လိမ်းတဲ့အခါမှာလည်း makeup sponge နဲ့ပဲ လိမ်းပေးပါ။ ဒါမှသိပ်သိပ်ညက်ညက်လေး ဖြစ်နေမှာပါ။ ဒီမှာတော့ Bourjois healthy mix anti-fatigue concealer ကို သုံးထားပါတယ်။
မျက်နှာကျလေးပိုပေါ်လွင်စေဖို့ ဒီထဲမှာတော့ Fenty Beauty match stix matte skinstick mocha ကို သုံးထားပါတယ်။
ပုံမှာပြထားတဲ့အတိုင်း မျက်နှာထောင့်နှစ်ဖက်နဲ့ နှာတံကို လိုက်ဆွဲပေးပါ။ ပြီးမှ Makeup brush နဲ့ blend လုပ်ပေးပါ။
နောက်တစ်ဆင့်ကတော့ ပါးနီခြယ်မှာပါ။ ဒီမှာတော့ နှုတ်ခမ်းနီအနီရောင်နဲ့ပဲ ပါးနီခြယ်ထားပါတယ်။ ထင်းနေအောင်မခြယ်ပဲ ပါးပါးလေးပဲ ခြယ်ပေးပါ။ ပုံမှာပြထားတဲ့နေရာအတိုင်း ခြယ်ပေးပါ။
Loose powder ကို မျက်နှာတစ်ပြင်လုံး ပုတ်လိမ်းတာမျိုးမလုပ်ပဲ ပုံမှာပြထားတဲ့နေရာလေးတွေကိုပဲ သေချာပုတ်ပြီး လိမ်းပေးပါ။ မျက်နှာတစ်ပြင်လုံးလိမ်းချလိုက်ရင် မျက်နှာဖုံဖုံကြီးဖြစ်ပြီး မလှတော့ပါဘူး။ ဒါကြောင့် အဓိကမဲတတ်တဲ့နေရာကိုပဲ လိမ်းတာပါ။ Loose powder ကိုလည်း makeup sponge နဲ့ပဲ လိမ်းပါမယ်။
မျက်လုံးကိုစပြီးခြယ်ဖို့အတွက် ပုံမှာအမှန်ခြစ်လေးပြထားတဲ့ eyeshadow အရောင်ကိုယူပြီး မျက်ခွံမှာခြယ်ပေးပါ။
မျက်လုံးအောက်နေရာကိုလည်း ပြထားတဲ့အတိုင်းခြယ်ပေးပါ။
ပုံမှာအမှန်ခြစ်လေးပြထားတဲ့ glitter eyeshadow အရောင်ကို မျက်လုံးအောက်ဖက်မှာ ပြထားတဲ့လိုင်းအတိုင်းလေး ခြယ်ပေးပါ။
ပြီးရင်တော့ လက်ညှိုးလေးနဲ့ယူပြီး မျက်ခွံပေါ်မှာ ခြယ်ပေးပါ။
Eyeliner ကိုတော့ gel eyeliner သုံးပြီး ပုံမှာပြထားတဲ့လိုင်းအတိုင်း မျက်လုံးအတွင်းနားကနေ ကပ်ဆွဲပေးပါ။
မျက်တောင်ကော့ဖို့အတွက် mascara ကို အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပေးပါ။ ဒီမှာတော့ mascara ကို အညိုရောင်လေး သုံးထားပါတယ်။
အမှန်ခြစ်ပြထားတဲ့ glitter eyeshadow ကို brush နဲ့ယူပြီး ပုံမှာပြထားတဲ့နေရာလေးမှာ ခြယ်ပေးပါ။ highlighter အနေနဲ့သုံးတာဖြစ်လို့ ဒီနေရာမှာ eyeshadow မဟုတ်ပဲ တခြားကိုယ့်မှာရှိတဲ့ highlighter တစ်ခုခုသုံးလည်းရပါတယ်။
နောက်ဆုံးအနေနဲ့ နှုတ်ခမ်းနီကို အနီရောင်လေးဆိုးပေးပါ။
ဒါဆိုရင်တော့ အထာကျကျလေးနဲ့လှနေမယ့် Bad Girl စတိုင်လ် မိတ်ကပ်ကို ပြင်လို့ပြီးသွားပါပြီ။