ကျန်းမာပြီး တောက်ပတဲ့အသားအရေပိုင်ဆိုင်ချင်တဲ့သူတွေက အသားအရေကိုနည်းမျိုးစုံနဲ့ ထိန်းသိမ်းကြပေမယ့် မသိမထားမိဘဲလုပ်မိတဲ့ တချို့အကျင့်တွေက အသားအရေကို ပျက်စီးစေတတ်ပါတယ်။ သင်ကော ဒီအကျင့်ဆိုးတွေကို လုပ်မိနေလားဆိုတာ ကြည့်ကြည့်ရအောင်-

မိတ်ကပ်လိမ်းပြီးအိပ်တာ

တစ်နေ့တာလုံး စုပုံနေတဲ့ မိတ်ကပ်တွေ၊ အညစ်အကြေးတွေ၊ အဆီတွေက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင်မှာ မိတ်ကပ်တွေကို ဖယ်ရှားတဲ့ အလေ့အကျင့်တစ်ခုကို မမေ့လျော့လုပ်ပေးပါ။

Moisturiser မသုံးတာ

အိပ်ရာမဝင်ခင် Moisturiser ကို ရှောင်တာက လူတော်တော်များများ လုပ်မိတဲ့ အမှားတစ်ခုပါ။ ရေဓာတ်နဲ့ နုပျိုတဲ့အသားအရေကို ထိန်းသိမ်းဖို့အတွက် Moisturiser က အအရေးကြီးပါတယ်။ ဒါကြောင့် Moisturiser သုံးဖို့မမေ့ပါနဲ့။

အိပ်ရာမဝင်ခင် အရက်သောက်တာ

မအိပ်ခင် အရက်သောက်တာက အရက်နာကျပြီး မျက်နှာဖောင်းလာတတ်ပါတယ်။ ရေဓာတ်ကိုလည်း ခမ်းခြောက်စေတာမလို့ အိပ်ခါနီးအရက်သောက်တာကို ရှောင်ကြဉ်သင့်ပါတယ်။

အရည်အသွေးမကောင်းတဲ့ခေါင်းအုံးစွပ်သုံးတာ

အရည်အသွေးမကောင်းတဲ့ ခေါင်းအုံးစွပ်တွေကြောင့် မျက်နှာအသားအရေပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ ချည်သားနဲ့လုပ်ထားတဲ့ ခေါင်းအုံးစွပ်တို့ကို သုံးပေးပါ။ ဒါ့အပြင် ခေါင်းအုံးစွပ်က ညစ်ပတ်တာတွေ မျက်နှာဆီမရောက်အောင် ခေါင်းအုံးစွပ်ကို ၄-၅ ရက်တစ်ကြိမ်လဲပေးပါ။

အိပ်ချိန်မလုံလောက်တာ

ကျန်းမာတဲ့အသားအရေရဖို့အတွက်ဆို အိပ်ရေးဝဝအိပ်ဖို့က တကယ်အရေးကြီးပါတယ်။ အိပ်ရေးပျက်တဲ့အခါ အသားအရေမွဲခြောက်တာ၊ မျက်လုံးအောက်မှာ အညိုစွဲတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ညတိုင်း အနည်းဆုံး အိပ်ချိန် ၇ နာရီအိပ်ဖို့ အရေးကြီးပါတယ်။

Sunscreen မသုံးတာ

ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ဖို့ ၊ အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ဖို့ ၊ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့အတွက် Sunscreen လိမ်းတာက တကယ်အရေးကြီးတဲ့အချက်ပါ။ ဒါကြောင့် တိမ်ထူတဲ့နေဆိုရင်တောင်မှ အနည်းဆုံး SPF 30 ပါတဲ့ Sunscreen လိမ်းတဲ့ အလေ့အကျင့်လုပ်ပါ။