တချို့က ဓာတ်ပုံရိုက်ရင် အမြဲတမ်း နောက်ကျောပုံလေးတွေကို ရိုက်လေ့ရှိပါတယ်။ နောက်ကျောပုံလေးတွေရိုက်တာက ပို့စ်ပေးတတ်ရင် မျက်နှာမပါတာတောင် ချစ်ဖို့ကောင်းတာမျိုး၊ လှတာမျိုးပါ။ ဒါကြောင့် နောက်ကျောပုံလေးတွေရိုက်ရတာ ကြိုက်တဲ့သူတွေအတွက် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ပို့စ်သိပ်မပေးတတ်တဲ့သူတွေဆိုလည်း ဒီပုံလေးတွေကိုကြည့်ပြီး လိုက်လုပ်ကြည့်ပြီး ရိုက်ရုံပါပဲ။

ဒီလိုလေးရိုက်တာက Freedom ပုံစံလေးနဲ့ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

ထိုင်ရိုက်တဲ့အခါ ဒီလိုလေးထိုင်ပြီး ရိုက်ကြည့်ပါ။ ဆံပင်ကို လက်နဲ့ကိုင်ထားဖို့လည်း မမေ့ပါနဲ့။ ဒီပို့စ်မှာဆိုရင် ခြေထောက်ထားပုံက အဓိပါ။

ကမ်းခြေမှာ နောက်ကျောပုံလေးရိုက်မယ်ဆိုရင် ဒါမျိုးလေးလည်း ရိုက်လို့ရပါသေးတယ်။

ကိုယ့်ဆံပင်လေးပြင်ဆင်ထားတယ်ဆိုရင် ဒီလိုနောက်ကျောပုံလေး ရိုက်ကြည့်ပါ။ Portrait ရိုက်ရင် ပိုလှပါတယ်။

တစ်နေရာရာမှာ ထိုင်ရိုက်တဲ့အခါ ဒီလိုလေးတစ်ကိုယ်လုံးပါအောင်လည်း ရိုက်လို့ရပါသေးတယ်။ ဒီပို့စ်လေးဆိုရင် Snap နဲ့တောင်တူပါသေးတယ်။

ပန်းပင်လေးတွေနဲ့ရိုက်မယ်ဆိုရင် ဆံပင်ကို ကလစ်လှလှလေးနဲ့ တစ်ဝက်စည်းပြီး ဒီလိုလေးရိုက်ကြည့်ပါ။

ဆံပင်ကို လှလှလေးပြင်ပြီး နောက်ကျောပုံလေးတွေရိုက်တာမျိုးက ပို့စ်သိပ်မပေးတတ်ရင်တောင် ချစ်ဖို့ကောင်းပြီး လှနေမှာပါ။

ပြေးတော့မယ့်ပုံစံလေးကိုလည်း ဒီလိုရိုက်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတဲ့ နောက်ကျောပုံလေး ရလာမှာပါ။

ကိုယ်ချစ်တဲ့ကြောင်လေး ခွေးလေးတွေကိုတွေ့ရင် ဒီလိုလေးရိုက်လို့လည်း ရပါသေးတယ်။ မျက်နှာမပါလည်း ချစ်ဖို့ကောင်းနေတာပါပဲ။

ကားပေါ်မှာ နောက်ကျောပုံလေး ရိုက်မယ်ဆိုရင် ဒီပို့စ်လေးအတိုင်း Try ကြည့်ပါ။

Photo source:www.pinterest.com