ကဲ..ဒီနေ့မှာတော့ မိန်းကလေးတွေပြောပြောနေကျ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ ဒီကမ္ဘာပေါ်မှာ အကျင့်စာရိတ္တကောင်းပြီး တော်တဲ့ယောကျာ်းလေးက ရှိပေမဲ့ တော်တော်ရှားတယ်ဆိုတာပေါ့။ ဒါပေမဲ့ တစ်ခါတလေ ကိုယ့်ကိုယ်တိုင်က လွဲမှားစွာ ပြုလုပ်နေမိတတ်ရင်လည်း ယောကျာ်းကောင်းတွေနဲ့ လွဲသွားတတ်ဆိုတာ သိပါသလား။ ဒါကြောင့် သင့်အချစ်ရေးမှာ ဒီလိုလွဲချော်မှုတွေ မဖြစ်ရလေအောင် ဒီအမှားတွေကို သိထားသင့်တယ်နော်။

ကဲ…ယောကျာ်းကောင်းတွေနဲ့ လွဲမှားနိုင်တဲ့ အမှားလေးတွေက ဘာတွေများဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

‌စံနှုန်းသတ်မှတ်လေ့ရှိတတ်ကြတယ်

သင်က ယောကျာ်းလေးတွေနဲ့ ပတ်သက်ရင် စံနှုန်းသတ်မှတ်ထားပါတယ်။ ဂျီးများပါတယ်။ တစ်ခါတလေ ကိုယ်သတ်မှတ်ထားတဲ့ အချက်တွေနဲ့ လုံးစုံ မပြည့်စုံရင်တောင် အရေးကြီးတဲ့ သတ်မှတ်ချက်က လွဲရင် ပြောင်းလို့ ရတာဆိုရင် ကိုယ့်စံနှုန်းကို ပြောင်းကြည့်သင့်ပါတယ်။

Perfect Man ကိုပဲ့ စောင့်မျှော်နေတတ်တယ်

မိန်းကလေးတိုင်းလိုလိုက ပြီးပြည့်စုံတဲ့ ယောကျာ်းလေးတွေ သူတို့ဘဝဆီ လှမ်းလာဖို့ မျှော်လင့်တတ်ပါတယ်။ ဒါပေမဲ့ အချိန်တွေသာ ကုန်လာတယ်။ ဘယ်တော့မှ မလာတတ်ပါဘူး။ သူ့ကို သဘောကျတဲ့အချိန်ဆိုရင် သူ့ရဲ့ အပြစ်သေးသေးလေးတွေက ချစ်ဖို့ကောင်းသွားတတ်ပါတယ်။

အခွင့်အရေးတွေကို ပိတ်ထားလေ့ရှိတယ်

ကိုယ့်အိမ်မှာ အိမ်တွင်းပုန်းနေရုံနဲ့ ယောကျာ်းလေးနဲ့ ဒိတ်လုပ်လို့မရပါဘူး။ ရေစက်ကလေးနဲ့ တွေ့ဆုံဖို့ အပြင်ထွက်သင့်ရင်လည်း ထွက်ရပါမယ်။

သင့်ဘက်ကနေ မစချင်ဘူး


ယောကျာ်းလေးဘက်က စဖွင့်ပြောရမယ်ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့ သင်သာ လူတစ်ယောက်ကို သဘောကျရင် သင်သဘောကျကြောင်း ပွင့်ပွင့်လင်းလင်း ပြောသင့်ပါတယ်။ ဘာလို့လဲဆိုတော့သင့်နှလုံးသားတံခါးကို ပိတ်ထားသရွေ့ ယောကျာ်းကောင်းတွေနဲ့ လွဲသွားနိုင်ပါတယ်နော်။