လက်သည်းနီဆိုးတာနဲ့ပတ်သက်ပြီး လက်သည်းမပျက်စီးအောင်၊ လှပတဲ့ လက်သည်းလေးတွေဖြစ်အောင် ရှောင်ကြဉ်ဖို့လိုတဲ့အမှားတွေကို ပြောပြပေးလိုက်ပါတယ်။

ခဏခဏထပ်ဆိုးခြင်း

လက်သည်းနီဆိုးတဲ့အခါမှာ တချို့က တစ်ထပ်ပြီးတစ်ထပ် ဆိုးတတ်ပါတယ်။ ဒီလိုဆိုးတာက လက်သည်းနီထူထူပျစ်ပျစ်ကြီးဖြစ်ပြီး ကြည့်ရဆိုးစေပါတယ်။ ခဏလေးနဲ့လည်း ကွာစေပါတယ်။ လက်သည်းနီကို ထပ်တစ်လဲလဲဆိုးရင် အဖုအထစ်တွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် ၂ ထပ်၊ ၃ ထပ် ထက်ပိုပြီး မဆိုးပါနဲ့။ ဆိုးတဲ့အခါမှာလည်း မိနစ်အနည်းငယ်ကြာမှ ထပ်ဆိုးပါ။ ဒါမှ လက်သည်းနီဆိုးထားတာက smooth ဖြစ်ပြီးလှနေမှာပါ။

ရေနွေးနဲ့ဆေးခြင်း

လက်သည်းနီဆိုးပြီး ရေနွေးနဲ့ လက်ဆေးတာကို ရှောင်ရပါမယ်။ အနည်းဆုံး ၆ နာရီကြာမှဆေးပါ။ ရေခဲရေကတော့ လက်သည်းနီဆိုးထားတာ အခြောက်မြန်စေပါတယ်။ ရေခဲရေထဲ လက်ကို ၂ မိနစ်လောက် ထည့်ထားပေးလိုက်ရင် ရနေပါပြီ။

လက်သည်းနီပုလင်းကို Shake မလုပ်ပါနဲ့

လက်သည်းနီဆိုးတော့မယ်ဆိုရင် တော်တော်များများက လက်သည်းနီပုလင်းကို shake လုပ်တတ်ပါတယ်။ အဲ့လို shake လုပ်လိုက်ရင် ဆိုးတဲ့အခါမှာ bubble လို အစိလေးတွေ ဖြစ်သွားတတ်ပါတယ်။

Base coat ခံမဆိုးခြင်း

လက်သည်းနီမဆိုးခင်မှာ base coat အရင်ဆိုးဖို့ လိုပါတယ်။ Base coat မခံပဲ လက်သည်းနီဆိုးရင် သိသိသာသာကို လက်သည်းပျက်စီးမှာပါ။ လက်သည်းတွေဝါညစ်လာမှာပါ။ ဒါကြောင့် base coat ဆိုးဖို့ မပျင်းပါနဲ့။

လက်ဆွယ်တွေကိုညှပ်ထုတ်ခြင်း

လက်သည်းနီဆိုးခါနီးပြီဆိုရင် လက်သည်းကို ပုံသွင်းတဲ့အနေနဲ့ လက်ဆွယ်တွေ၊ လက်သည်းဘေးက အသားတွေကို ညှပ်ထုတ်တတ်ကြပါတယ်။ ဒီလိုညှပ်တာက အရမ်းစပ်သလို၊ အခန့်မသင့်ရင် လက်သည်းပိုးဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် oil တစ်ခုခုကို လက်သည်းမှာသုတ်လိမ်းပြီး ခြစ်ပေးတာမျိုးလောက်ပဲ လုပ်ပေးပါ။