တစ်ခါတစ်လေကျရင် မိတ်ကပ်ပြင်နေရင်းနဲ့ လုပ်မိတဲ့အမှားတွေကြောင့် မျက်လုံးထိခိုက်တာမျိုး၊ မျက်လုံးနားတစ်ဝိုက် အသားအရေ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျက်လုံးထိခိုက်တာမျိုး မဖြစ်ဖို့အတွက် သတိထားလို့ရအောင် ရှောင်ကြဉ်သင့်တဲ့ မိတ်ကပ်ပြင်ဆင်မှု အမှားတွေကို ပြောပြပေးလိုက်ပါတယ်။

မျက်လုံးထိခိုက်စေတဲ့အရာသုံးမိခြင်း

မျက်လုံးကို ပြင်ဆင်ခြယ်သဖို့အတွက် ကိုယ်သုံးနေတဲ့ပစ္စည်းတစ်ခုခုက မျက်လုံးအတွက် ထိခိုက်စေနိုင်တဲ့အရာတွေ ပါနေတာမျိုး၊ Chemical အရမ်းများနေတာမျိုးတွေ သုံးမိမယ်ဆိုရင် မျက်လုံးအတွက် မကောင်းပါဘူး။ ကိုယ်သုံးနေရင်းနဲ့ မျက်စိစပ်လာတာ၊ မျက်ခမ်းစပ်တွေ စပ်ပြီးယားလာတာ၊ မျက်လုံးနီရဲလာတာမျိုးတွေ ဖြစ်ပြီဆိုရင် မျက်နှာသစ်လိုက်ပြီး ဆက်မသုံးပါနဲ့တော့။

Expired ဖြစ်နေတာတွေသုံးခြင်း

ကိုယ်သုံးနေတဲ့ပစ္စည်းရဲ့ Expired ကိုလည်း အမြဲစစ်ပေးပါ။ Expired ဖြစ်နေတာကိုသုံးမိရင် ကိုယ့်အသားအရေပဲ ထိခိုက်မှာပါ။ မျက်လုံးအတွက်သုံးတဲ့ မိတ်ကပ်ပစ္စည်းတွေဆိုရင် ပိုတောင်သတိထားရမှာပါ။

Eyeliner ကို Waterline မှာဆွဲခြင်း

Waterline မှာ Eyeliner ဆွဲတာက မျက်လုံးပိုလှသွားစေပါတယ်။ ဒါပေမယ့် ကိုယ်သုံးတဲ့ Eyeliner က Quality မကောင်းတာမျိုးဆိုရင် မျက်ခမ်းစပ်တွေယားပြီး မျက်လုံးနီမြန်းလာမှာပါ။ မျက်လုံးလည်း ထိခိုက်စေပါတယ်။ Liquid Eyeliner ကို Waterline မှာဆွဲတာမျိုးကိုလည်း ရှောင်ရပါမယ်။ Eyeliner အရည်က မျက်လုံးထဲဝင်ရင် မျက်လုံးအတွက် မကောင်းပါဘူး။

မသန့်ရှင်းတဲ့ Makeup Brush ကိုသုံးခြင်း

မသန့်ရှင်းတဲ့ Makeup Brush ကိုသုံးမယ်ဆိုရင် မျက်နှာအသားအရေ ထိခိုက်စေသလို မျက်လုံးအတွက်သုံးတဲ့ Eyeshadow Brush တွေမသန့်ရင်လည်း ယားယံတာ၊ မျက်လုံးနားတစ်ဝိုက် အဖုထတာ၊ Bacteria ဝင်တာမျိုးတွေ ဖြစ်စေပါတယ်။

Eyelash Curler သုံးပုံမှားနေခြင်း

Eyelash Curler သုံးပုံမှားနေရင်ကျတော့ မျက်လုံးထိခိုက်တာထက် မျက်တောင်ထိခိုက်စေတာပါ။ မျက်တောင်ကျွတ်မယ်၊ မျက်လုံးစပ်တာတွေ ဖြစ်ပါမယ်။ ဒါကြောင့် သတိထားသုံးပေးပါ။