ကဲ..ဒီနေ့မှာတော့ အလှအပရေးရာအတွက် သဘာဝကပေးတဲ့ ဆုလာဒ်တစ်ခုဖြစ်တဲ့ ထောပတ်သီးမှာ Fatty Acid နဲ့ Antioxidant ပါဝင်လို့ ကျန်းမာရေးအတွက်ရော အလှပအတွက်ပါ များစွာအကျိုးကျေးဇူးရှိတယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါနော်။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် အမျှင်ဓါတ်လည်းပါဝင်လို့ ရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်တဲ့ထောပတ်သီးကို အလှပအတွက်ရော ဘယ်လိုတွေများ အကျိုးပြုနေသလဲဆိုတာ ကြည့်ရအောင်။

ကဲ..သဘာဝလက်ဆောင်မွန် ထောပတ်သီးကို အသုံးပြုပြီး လှပကြော့ရှင်းတဲ့ အလှနတ်သမီးလေးအဖြစ် ပြောင်းလဲနိုင်မယ့် လျှို့ဝှက်ချက်လေးတချို့ကို MyStyle Myanmarရဲ့ ခင်ပျိုမဒီလေးတွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ဆဲလ်အသေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ဖို့

အသားအရေစိုပြေပြီး ဆဲလ်သေတွေကို ဖယ်ရှားနိုင်ဖို့အတွက် ထောပတ်သီးက အရမ်းကို အသုံးတည့်စေပါတယ်နော်။

ပါဝင်ပစ္စည်းများ

ထောပတ်သီးမှည့် ၁ လုံး

ကွေကာအုတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေကို သေချာရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ ညှင်သာစွာနှိပ်ပေးပြီး ၅ မိနစ်လောက်ထားကာ ရေနွေးလေးနဲ့ ဆေးချပေးပါ။ တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ကြိမ်လုပ်ပေးပါ။

နှုတ်ခမ်းသား စိုစိုအိအိလေး ဖြစ်နေစေဖို့

ပိုးသားလေးလို နူးညံ့ပြီး စိုအိနေတဲ့ နှုတ်ခမ်းသားလေးတစ်စုံပိုင်ဆိုင်ဖို့ ထောပတ်သီးကို အသုံးပြုလို့ရပါတယ်နော်။

ပြုလုပ်နည်း

ထောပတ်သီမှည့် တစ်ခြမ်း

သင်္ဘောသီး တစ်စိတ်

သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါဝင်ပစ္စည်းတွေကိုရောပြီး ကြိတ်လိုက်ပါ။ ပြီးရင် နှုတ်ခမ်းပေါ်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လောက်လုပ်ပေးပါ။

ဆံဖျားနှစ်ခွဖြစ်တာကို သက်သာစေဖို့

ဆံဖျားနှစ်ခွဖြစ်တာတွေ သက်သာပျောက်ကင်းစေဖို့အတွက် ထောပတ်သီးအသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ်သီးမှည့် ၁ လုံး

အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ပါဝင်ပစ္စည်းတွေကို သေချာရောပြီးမွှေလိုက်ပါ။ ပြီးရင် ဆံဖျားလေးကနေ အရင်းနားအထိ လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး အခြောက်ခံထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးပါ။ ၃ ရက် တစ်ကြိမ် လုပ်ပေးခြင်းဖြင့် ဆံပင်အဖျားနှစ်ခွဖြစ်တာကို ဖယ်ရှားပစ်လိုက်ပါ။