ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတဲ့ မိန်းကလေးတွေအတွက် Selfie ရိုက်တဲ့အခါမှာ ဆွဲဆောင်မှုရှိအောင် ဘယ်လိုတွေပို့စ်ပေးပြီး ရိုက်လို့ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ရိုက်ပေးမယ့်သူမရှိလည်း ကိုယ်တိုင် Selfie လှလှလေးရိုက်တတ်ရင် ok နေပါပြီ။ ဒါကြောင့် ဒီပို့စ်လေးတွေက ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက်တော့ အရမ်းအသုံးဝင်စေမှာပါ။

ဒီပို့စ်လေးတွေကတော့ ဘေးတစ်စောင်းအနေအထားနဲ့ ပို့စ်ပေးပြီး ဖုန်းကိုထောင်ရိုက်တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ Lighting ကောင်းတဲ့နေရာလေး ရှာပြီးတော့သာ ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဒီပို့စ်လေးဆိုရင် လက်တစ်ဖက်က ဖုန်းကိုကိုင်ပြီး ရိုက်ထားတာပါပဲ။ ဆွဲဆောင်မှုရှိပြီး တစ်မျိုးလေးလှနေစေမယ့် ပို့စ်ဖြစ်ပါတယ်။

မိတ်ကပ်လှလှလေးပြင်ထားရင် အလင်းရောင်ကောင်းတဲ့နေရာမှာ ဒီလိုလေးပို့စ်ပေးပြီး Selfie ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိစေပါတယ်။

ဆံပင်ကိုစုပြီးကိုင်ထားတဲ့ပုံစံလေးနဲ့လည်း Selfie ရိုက်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။ ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

မိတ်ကပ်ပြင်ပြီး နေထိုးမယ့်နေရာမှာ ဒီလိုလေးပို့စ်ပေးပြီး Selfie ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ မိတ်ကပ်သားလည်း လုံးဝကို Glow နေစေမှာပါ။

ပို့စ်သိပ်မပေးတတ်လည်း မိတ်ကပ် Look လှလှလေးပြင်ပြီးသာ မေးထောက်တဲ့ပို့စ်လေး ရိုက်ကြည့်ပါ။ အဓိကကတော့ မျက်နှာအနေအထားတည်နေရင် ဆွဲဆောင်မှုရှိတဲ့ပုံစံလေး ဖြစ်သွားစေပါတယ်။

ကားပေါ်မှာ Selfie ရိုက်ရင် မျက်နှာရှေ့တည့်တည့်ကြီးချိန်ပြီး ရိုက်ရတာက ရိုးနေပါပြီ။ ဒါကြောင့် နည်းနည်းတစ်စောင်းချိန်ပြီး ဒီလိုမျိုးပို့စ်လေးနဲ့ ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုပိုရှိစေပါတယ်။

မျက်မှန်လေးနဲ့ ဒီလိုပို့စ်ပေးပြီးရိုက်တာကလည်း ဆွဲဆောင်မှုရှိစေပါတယ်။ လက်တစ်ဖက်က ဖုန်းကိုင်ထားမှန်းတောင် မသိသာစေပါဘူး။

ဒီပို့စ်လေးဆိုရင် လုံးဝကိုဂေါ်ထွက်ပြီး ဆွဲဆောင်မှုရှိစေတဲ့ ပို့စ်မျိုးပါ။ Selfie ရိုက်ရင် ပြုံးပြီးမရိုက်ပဲ ဒီလိုလေးတွေလည်း ရိုက်ကြည့်သင့်ပါတယ်။

ဒီပို့စ်လေးဆိုရင် ရယ်နေတဲ့ပုံစံလေးကို ဘေးတစ်စောင်းရိုက်ထားတာ ဆွဲဆောင်မှုရှိပါတယ်။ လက်တစ်ဖက်က ဖုန်းကိုကိုင်ထားမှန်းမသိသာအောင် ရိုက်ပေးပါ။

photo source:www.pinterest.com