အလှကြိုက်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆွဲဆောင်မှုရှိပြီးမိုက်တဲ့ RBF Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလည်း သိပ်မခက်ခဲတာကြောင့် Try ကြည့်ကြည့်နော်။ ဒီ Look လေးက Dinner ပွဲတွေအတွက်လည်း အဆင်ပြေသလို ဆွဲဆောင်မှုရှိတဲ့ Look မျိုးပြင်ချင်တဲ့အခါမှာလည်း အဆင်ပြေတယ်နော်။

Skincare လိမ်းပြီးရင် မျက်ခုံးကို Eyebrow Brush နဲ့ ဖြီးပါမယ်။

ပြီးမှ မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါမှာ ကိုယ့်ဆံပင်အရောင်နဲ့ လိုက်တဲ့အရောင်ကို ရွေးချယ်ပါ။

Eyeshadow အညိုရောင်ကို မျက်ခွံမှာ ခြယ်ပါမယ်။

ဒီ Look မှာ Eyeliner က အသက်ဖြစ်တဲ့အတွက် Eyeliner ကို ပုံမှာဆွဲပြထားတဲ့အတိုင်း သေချာလေးဆွဲပေးပါ။ Wing ထွက်အောင်ဆွဲပေးပါ။

မျက်လုံးအောက်နားကိုပါ Eyliner ဆွဲပါမယ်။ ဒါမှ ပိုပြီးဆွဲဆောင်မှုရှိနေမှာ၊ မျက်လုံးလည်း ထင်းနေမှာပါ။

Mascara နဲ့ မျက်တောင်ကော့ပြီးရင် မျက်တောင်တုတပ်ပါမယ်။

မျက်လုံးပြင်ပြီးပြီဆိုတော့ အောက်ခံ Foundation လိမ်းပါမယ်။ Makeup Sponge နဲ့ သေချာလိမ်းပါမယ်။

ပုံမှာလိမ်းပြထားတဲ့နေရာတွေကို Concealer လိမ်းပါမယ်။ ဒါမှ အသားအရောင်ညီမှာပါ။

Powder လိမ်းပါမယ်။ အများကြီးယူပြီး ပွတ်လိမ်းတာမျိုး မလုပ်ပါနဲ့။

ပါးနီးခြယ်တဲ့အခါမှာ အရမ်းထင်းနေတာမျိုးမဖြစ်အောင် ပန်းမိတ်ကပ်ရောင်လေးကိုသုံးပြီး ခြယ်ပါမယ်။

နှာတံဖော်ပြီး နှာတံထိပ်နားလေးကို Highlighter ခြယ်ပါမယ်။

နှုတ်ခမ်းနီဆိုးတဲ့အခါမှာ နှုတ်ခမ်းပုံပိုပေါ်ပြီး သပ်သပ်ရပ်ရပ်လေးဖြစ်အောင် Lip Liner နဲ့ ပုံဖော်ပါမယ်။ ပြီးမှ အညိုရောင်နှုတ်ခမ်းနီ ဆိုးပါမယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီးမိုက်သလို အရမ်းလည်းလှတဲ့ RBF Makeup Look ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။