Makeup ပြင်တဲ့အခါ တစ်ခါတစ်လေကျရင် ဆွဲဆောင်မှုရှိတဲ့ပုံစံလေး ပြင်လို့ရအောင် ခေတ်စားနေတဲ့ RBF Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဆွဲဆောင်မှုရှိပြီးမိုက်တာကြောင့် Try ကြည့်ကြည့်နော်။

အရင်ဆုံး Skincare သေချာလိမ်းပါမယ်။ ပြီးရင်တော့ မျက်ခုံးမွှေးကို Brush နဲ့ဖြီးပြီးတော့ မျက်ခုံးမွှေးဆွဲပါမယ်။

မျက်ခွံကို အညိုရောင် Eyeshadow ခြယ်ပါမယ်။

ပြီးရင် Eyeliner ဆွဲပါမယ်။ ဒီ Makeup Look မှာတော့ Eyeliner က အသက်ဖြစ်တာကြောင့် ပုံမှာဆွဲပြထားတဲ့အတိုင်း သေချာလေးဆွဲပေးပါ။ အရင်ဆုံး Wings ထွက်အောင် ဆွဲပါ။ ပြီးမှ အရှေ့ကို Blend လုပ်သွားပါ။

အောက်မျက်လုံးကိုလည်း Eyeliner ဆွဲပါမယ်။

မျက်တောင် နည်းနည်းကော့ပါမယ်။ ပြီးရင် Eye Look လေးပိုလှပြီး ထင်းနေအောင်လို့ မျက်တောင်တုတပ်ပါမယ်။ ဒါမှ Perfect ဖြစ်ပြီး လှနေမှာပါ။

အပေါ်ကအဆင့်တွေ ပြီးပြီဆိုရင် Foundation လိမ်းပါမယ်။ Foundation လိမ်းတဲ့အခါမှာ Makeup Sponge နဲ့ သေချာညီအောင် ဖိဖိပြီး လိမ်းပေးပါ။

ပုံမှာလိမ်းပြထားတဲ့နေရာတွေကို Concealer လိမ်းမှာပါ။

အားလုံးလိမ်းပြီးရင် Powder နည်းနည်းပုတ်လိမ်းပါမယ်။

Eyeshadow အညိုရောင်ကိုသုံးပြီးတော့ နှာတံဖော်ပါမယ်။ Brush မှာပိုတာလေးနဲ့ မျက်လုံးအောက်နားကို ခြယ်ပေးပါ။

ပါးနီကို ပန်းရောင်နုနုလေး ခြယ်ပါမယ်။ အရမ်းထင်းနေအောင် မခြယ်ပါဘူး။

နှာခေါင်းထိပ်လေးကို Highlighter လိမ်းပါမယ်။

နှုတ်ခမ်းပုံဖော်ပြီး အညိုရောင်နှုတ်ခမ်းနီလေး ဆိုးပါမယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီးမိုက်တဲ့ RBF Makeup Look လေးကို ရရှိသွားပါပြီ။