အခုနောက်ပိုင်းမှာ အတိုတွေထက် long pants လေးတွေဝတ်တာက ပိုပြီးခေတ်စားလာပါတယ်။ ဒါကြောင့် long pants လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ဆွဲဆောင်မှုရှိပြီး လှနေစေမယ့် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဘာမှထွေထွေထူးထူး ပို့စ်မပေးတတ်ရင် ခြေထောက်တစ်ဖက်ရှေ့ထုတ်၊ လက်က ဆံပင်ကိုသပ်ပြီး မျက်လွှာလေးအောက်ချကာ ပြုံးနေလိုက်ပါ။ ဆွဲဆောင်မှုရှိပြီး လှနေပါလိမ့်မယ်။

ဒီလိုပို့စ်လေးလည်း လုပ်ကြည့်ပါ။ မရယ်ချင်ရင် ခပ်တည်တည်နေလည်း လှနေမယ့်ပို့စ်မျိုးပါ။

လှေကားမှာရိုက်မယ်ဆိုရင် အနောက်ဘက်ကိုမှ ဘေးဘက်နည်းနည်းယူပြီး ဒီလိုလေးရိုက်ကြည့်ပါ။ အထာကျပြီးမိုက်သလို ဆွဲဆောင်မှုလည်းရှိစေပါတယ်။

ဒီလိုလေးခြေဖျားနည်းနည်းထောက်ပြီး ပို့စ်ပေးကြည့်ပါ။ ရိုက်တဲ့သူက အောက်နေပင့်ပြီးရိုက်ပေးရင် အရပ်ပိုရှည်ပြီး သွယ်သွားစေလို့ ပုံထွက်ပိုလှပါတယ်။

ဒီလိုပို့စ်လေးဆိုရင် မျက်နှာအနေအထားက အသက်ပါပဲ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဒီပို့စ်ဆိုရင် ခေါင်းလေးနည်းနည်းစောင်းပြီး ဆံပင်လွင့်နေရင် ပိုလှပါတယ်။

ကားထဲကရိုက်ခိုင်းမှာ ကိုယ်ကဒီလိုလေး ပို့စ်ပေးပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းမိုက်ပါတယ်။ တိမ်တွေပါအောင်ရိုက်ရင် ပုံထွက်ပိုလှမှာပါ။

နံရံကပ်ပြီးရိုက်မယ်ဆိုရင် ဒီလိုလေးသာပို့စ်ပေးပါ။ ကာလာကို အမှိုင်းလေးပြင်မယ်ဆိုရင် ပိုလှမှာပါ။

ဒီပို့စ်အိုင်ဒီယာလေးဆိုရင် ထိုင်နေတဲ့ပုံစံနဲ့ မျက်နှာထားက အသက်ပါပဲ။ ထိုင်စရာတစ်ခုခုရှိရင် ဒီပို့စ်လေးကိုသာ try ကြည့်ပါ။

ဘေးတစ်စောင်းအနေအထားနေပြီး ခြေထောက်ကိုနည်းနည်းကား၊ နောက်ခြေထောက်က ဒူးနည်းနည်းကွေး၊ လက်တစ်ဖက်က ဆန့်ရင်ဆန့်၊ ထောက်စရာရှိရင် ပုံထဲကလိုလေး ကိုင်ပြီးထောက်ထားပါ။ နောက်လက်တစ်ဖက်ကတော့ ဆံပင်ကိုသပ်ပြီး ကင်မရာကိုကြည့်ပါ။ မရယ်မပြုံးပဲနေရင် ပိုပြီးမိုက်ပါတယ်။ ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိပါတယ်။

Photo source:www.pinterest.com