ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆွဲဆောင်မှုရှိပြီး မိုက်နေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

Bodyfit dress (သို့) body shape ပေါ်လွင်စေတဲ့ အဝတ်အစားမျိုးကို ဝတ်ထားပြီဆိုရင် ပို့စ်ပေးတဲ့အခါမှာ ဒီလိုမျိုးလေးပေးကြည့်ပါ။ အရမ်းလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဒေါက်ဖိနပ်နဲ့ဆို ပိုမိုက်ပါတယ်။

ထိုင်ပြီးရိုက်ရင် တည့်တည့်ထိုင်ပြီး ခြေထောက်ချိတ်တဲ့ပို့စ်က ရိုးနေပါပြီ။ ဒါကြောင့် ခြေထောက်ချိတ်ပြီး body ကို နည်းနည်ယိမ်းပြီးထိုင်ပါ။ ကင်မရာကိုမကြည့်ပဲ တစ်ဖက်ကိုကြည့်နေပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းမိုက်ပါတယ်။

လမ်းမမှာ ဒီလိုမျိုးထိုင်ရိုက်တာက အရမ်းမိုက်ပါတယ်။ မျက်မှန်တပ်ထားရင် ပိုပြီးအထာကျပါတယ်။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်လည်း ခေါင်းအစခြေအဆုံး ပေါ်လွင်စေပါတယ်။

တစ်ဖက်က ပိုက်ဆံအိတ်ကိုကိုင်၊ တစ်ဖက်က ဒေါက်ဖိနပ်ကို လှမ်းကိုင်တဲ့ပုံစံလေးလည်း ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဒီလိုပို့စ်လေးတွေဆိုလည်း အရမ်းဆွဲဆောင်မှုရှိပြီး မိုက်ပါတယ်။ dress ဝတ်ထားမှမဟုတ်ပါဘူး။ ဘောင်းဘီဝတ်ထားလည်း ဒီလိုပို့စ်မျိုးနဲ့ဆို ဆွဲဆောင်မှုရှိစေပါတယ်။

Sexy ကျတာမျိုးလည်းကြိုက်တယ်၊ ဆွဲဆောင်မှုရှိတာမျိုးလည်း ကြိုက်တယ်ဆိုရင်တော့ ဒီလိုပို့စ်လေးတွေသာ ရိုက်ကြည့်ပါ။ မျက်မှန်နဲ့ဆို ပိုမိုက်ပါတယ်။

ဆံပင်ကိုတစ်ဖက်ကျအောင် ခေါင်းလေးနည်းနည်းစောင်းပြီး ဒီလိုပို့စ်ပေးကြည့်ပါ။ လုပ်ရတာလည်းလွယ်သလို ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းတစ်ပုံရလာမှာပါ။

တစ်ကိုယ်လုံးပုံတွေမရိုက်ချင်ရင် ဒီလိုလေးတွေပို့စ်ပေးပြီး ရိုက်လို့ရပါတယ်။ ဘယ်လိုအဝတ်အစားမျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ပို့စ်မျိုးဖြစ်ပါတယ်။

Photo source:www.pinterest.com