ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ Cute Type မျိုးမဟုတ်ပဲ ဆွဲဆောင်မှုရှိရှိနဲ့ ကြော့ရှင်းပြီးလှပနေစေမယ့် Photo Pose Idea တွေကို မျှဝေပေးလိုက်ပါတယ်။ ဖက်ရှင်လှလှပပဝတ်စားပြီး မိတ်ကပ်လှလှလေးပြင်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ အရမ်းအဆင်ပြေမယ့် Pose Idea လေးတွေလည်း ဖြစ်တာကြောင့် Try ကြည့်ဖို့ ပြောချင်ပါတယ်။

ဒီလိုထိုင်စရာနေရာလေးရှိရင် ဆံပင်ကို တစ်ဖက်သိမ်းပြီး ဒီလို Pose လေးပေးကြည့်ပါ။ Lighting ကောင်းရင် ပုံထွက်ပိုလှမှာပါ။

ခုံမှာထိုင်ရိုက်တဲ့အခါ ဒီတိုင်းအရှေ့တည့်တည့်ကပဲ ရိုက်ရတာရိုးလာရင် ဒီလိုလေးထိုင်ပြီး Pose ပေးပါ။ ရိုက်ပေးတဲ့သူကလည်း အပေါ်စီးကနေ ရိုက်ပေးပါ။ ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းလေး ထွက်လာမှာပါ။

ဒီလိုထိုင်စရာနေရာကျယ်ရင်တော့ ခြေထောက်လေးဆင်းပြီး ဒီလိုအနေအထားနဲ့ Pose ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ Dress or Skirt ဝတ်ထားရင် ပိုလှမှာပါ။

ဒီ Pose လေးတွေဆိုလည်း ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။ Lighting ကောင်းကောင်းနဲ့ သေချာရိုက်ကြည့်ပါ။

မြက်ခင်းမှာထိုင်ရိုက်တဲ့အခါမှာ ခြေထောက်ကို ဒီလိုလေးထားပြီး Pose ပေးရိုက်ကြည့်ပါ။ ရိုက်ပေးတဲ့သူက အပေါ်စီးကရိုက်ရင် တစ်ကိုယ်လုံးပုံလေး ရမှာဖြစ်တဲ့အတွက် ပိုလှပါတယ်။

Camera နဲ့ရိုက်တဲ့အခါမှာ Try ကြည့်သင့်တဲ့ Pose လေးပါပဲ။ ဆွဲဆောင်မှုရှိပြီးလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

လှေကားထစ်လေးတွေမှာ ထိုင်ရိုက်မယ်ဆိုရင်တော့ အရှေ့တည့်တည့်ကမရိုက်ပဲ ဘေးကနေ ရိုက်ကြည့်ပါ။ Pose ကတော့ ဒီ Pose လေးအတိုင်းသာ Try ကြည့်ပါ။ Dress တွေ Skirt တွေဝတ်ထားပြီးရိုက်ရင် ပိုလှပါတယ်။

ရေကူးကန်နားမှာရိုက်တဲ့အခါ Pose တွေက ထပ်နေတယ်ဆိုရင် ဒီလိုလေး Pose ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး လှတာပါပဲ။

ဘောင်းဘီအရှည်လေးဝတ်ထားရင်တော့ ထိုင်ခုံမှာ ဒီလိုလေးထိုင်ပြီး Pose ပေးရိုက်ပါ။ လက်အနေအထားကိုလည်း ပုံထဲကအတိုင်းလေးပဲ ထားကြည့်ပါ။ ပိုပြီးဆွဲဆောင်မှုရှိရှိနဲ့လှတဲ့ ပုံလေးရလာပါလိမ့်မယ်။

ဒီ Pose လေးဆိုလည်း ဆွဲဆောင်မှုရှိပြီး ကြော့ရှင်းလှပနေမယ့် Pose လေးပါ။ ဖက်ရှင်ကတော့ Body Fit Dress or Mini Skirt လေးတွေနဲ့ဆို ပိုလိုက်ဖက်ပါတယ်။

Photo source:www.pinterest.com