Makeup ပြင်ရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆွဲဆောင်မှုရှိပြီးလှတဲ့ Brown Monolid Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပွဲတက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အပြင်သွားဖို့ ပြင်ဆင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ Makeup Look လေးက အရမ်းလှပါတယ်။

အရင်ဆုံး ကိုယ်လိမ်းနေကျ Makeup ကို လိမ်းပါမယ်။ ဒီမှာတော့ Cushion ကိုလိမ်းထားပါတယ်။ မျက်ကွင်းညိုတဲ့သူဆိုရင် Concealer လိမ်းပေးဖို့လိုပါတယ်။

မျက်ခုံးမွှေးကို အညိုရောင်သုံးပြီး ဆွဲပါမယ်။ ပြီးရင် Brush နဲ့ နှာတံဖော်ပေးပါ။

Eyeshadow စခြယ်ဖို့အတွက် အရင်ဆုံး အညိုရောင်အဖျော့ဖြစ်တဲ့ Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။ အပြည့်မခြယ်ပဲ တစ်ဝက်လောက်ပဲ ခြယ်မှာပါ။

အသားရောင် Eyeshadow ကိုယူပြီး မျက်ခုံးအောက်နားတစ်ဝိုက်ကို ခြယ်ပါမယ်။

Eyeshadow အညိုရောင်အရင့်ကိုသုံးပြီး ပုံမှာခြယ်ပြထားသလို ခြယ်ပေးပါ။ မျက်လုံးအောက်နားကိုတော့ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။ ဒါမှ မျက်လုံးအလှက ထင်းပြီး ပိုပေါ်လွင်နေမှာပါ။

Shimmer Eyeshadow ရွှေရောင်လေးကို မျက်လုံးအောက်နားမှာ ခြယ်ပါမယ်။ မျက်လုံးထိပ်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

ပြီးရင်တော့ ခုနက Shimmer Eyeshadow ရွှေရောင်လေးကို လက်နဲ့ယူပြီး မျက်ခွံမှာ နည်းနည်း Blend ပြီး ခြယ်ပေးပါ။

ပိုပြီးဆွဲဆောင်မှုရှိသွားအောင် Eyeliner လည်း ဆွဲပါမယ်။ Gel Eyeliner သုံးပြီး ပုံမှာဆွဲပြထားသလိုလေး ဆွဲပေးပါ။

အညိုရောင်လေးဖြစ်သွားအောင် Eyeliner ပေါ်မှာ Eyeshadow အညိုရောင်အရင့်ကို ခြယ်ပေးပါ။ ဒါဆိုရင် အညိုရောင်လေးဖြစ်သွားတော့ ခြယ်ထားတဲ့ Eyeshadow နဲ့လည်း ပိုပြီး လိုက်ဖက်မှုရှိတာပေါ့။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်ရော၊ အောက်မျက်တောင်ကိုရော ကော့ပေးပါ။

ပါးနီကိုတော့ Peach Color အနုလေးခြယ်ပါမယ်။

နှုတ်ခမ်းနီကို အညိုရောင်အဖျော့လေး ဆိုးပါမယ်။

မျက်နှာလေးပိုလင်းပြီး Glow သွားအောင် နှာတံ၊ မေးစိ၊ ပါးရိုးနှစ်ဖက်၊ နဖူးအလယ်နေရာလေးတွေကို Highlighter ခြယ်ပါမယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး အရမ်းလည်းလှတဲ့ Brown Monolid Makeup Look ကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။