ဒီတစ်ခါမှာတော့ လူငယ်ပိုင်း၊ လူလတ်ပိုင်း အားလုံးနဲ့လိုက်ဖက်တဲ့ Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ဆွဲဆောင်မှုရှိပြီး Fresh ဖြစ်တဲ့ Makeup Look ပဲ ဖြစ်ပါတယ်။ ဒီ Makeup Look အတွက် မျက်ကပ်မှန်လေးတပ်ထားရင် ပိုပြီးဆွဲဆောင်မှုရှိပါတယ်။

အရင်ဆုံး Moisturizer လိမ်းပါမယ်။ ပြီးမှ နေ့ဘက်ဆို Sunscreen ထပ်လိမ်းပါ။ ပြီးရင်တော့ Primer လိမ်းပေးပါ။

ပြီးရင်တော့ Foundation လိမ်းပါမယ်။ Foundation ရွေးချယ်တဲ့အခါမှာ ကိုယ့်အသားအရောင်နဲ့ အဆင်ပြေတာမျိုးကို ရွေးချယ်ပေးပါ။

Foundation လိမ်းပြီးရင် မျက်ကွင်းညိုတဲ့နေရာကို Concealer လိမ်းပါမယ်။

Powder ကို Powder Brush နဲ့ယူပြီး လိမ်းပေးပါ။ ဒါမှ ထူထူကြီးမဖြစ်မှာပါ။

မျက်ခုံးမွှေးကိုတော့ Natural ဆန်အောင် ဆွဲပေးပါ။ မျက်ခုံးမွှေးထူတဲ့သူဆို Brush နဲ့ပဲဖြီးလိုက်ရင်တောင် အဆင်ပြေပါတယ်။ ဒါမှမဟုတ် Brow Mascara သုံးပေးလည်း ရပါတယ်။

Eyeshadow ကိုတော့ လိမ္မော်ရောင်ဘက်သွားတဲ့ အရောင်လေးကိုယူပြီး မျက်ခွံမှာ ခြယ်ပါမယ်။

Eyeliner ကို ပါးပါးလေးဆွဲပါမယ်။

Mascara နဲ့ မျက်တောင်ကော့တဲ့အခါမှာ Z ပုံစံလေးလုပ်ပြီး ကော့ပေးပါ။ ဒါဆိုရင် တစ်ချောင်းချင်းစီဖြစ်ပြီး မျက်တောင်တွေ ပိုရှည်ထွက်စေပါတယ်။ ပိုပြီးတော့လည်း ထူထူလေး ဖြစ်စေပါတယ်။

ပါးနီကိုလည်း Eyeshadow နဲ့ အရောင်တူတာလေးကိုပဲ ခြယ်ပါမယ်။

Highlighter ကို အညိုဖောက်တဲ့ အရောင်လေးယူပြီး ပါးရိုးနှစ်ဖက်၊ နှာတံနဲ့ နဖူးနေရာလေးတွေကို ခြယ်ပေးပါ။ ဒါမှ Glow ပြီးလှနေမှာပါ။

နှုတ်ခမ်းနီကို အညိုရောင်လေးဆိုးပါမယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး Fresh ဖြစ်တဲ့ Makeup Look ကို ရရှိသွားပါပြီ။ ပြင်ဆင်ရတာလည်း အရမ်းလွယ်ပါတယ်။