ထသွားထလာအတွက် ဆွဲဆောင်မှုရှိတဲ့ Makeup Look မျိုး ပြင်ချင်တဲ့သူတွေနဲ့ ပွဲတက်အတွက် ဆွဲဆောင်မှုရှိတာမျိုးလေး ပြင်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့ Makeup Look ကို မျှဝေပေးလိုက်ပါတယ်။

မျက်ခုံးကအသက်ဖြစ်တဲ့အတွက် Eyebrow Gel နဲ့ မျက်ခုံးကိုဖြီးပါမယ်။

Foundation ကိုလိမ်းတဲ့အခါမှာ Makeup Sponge နဲ့ လိမ်းပေးပါ။ ပြီးရင်တော့ Powder ပုတ်ပါမယ်။

Eyeshadow အညို (သို့) Contour Palette အညိုနဲ့ မျက်ခွံကို ခြယ်ပါမယ်။ မျက်ခွံကို ခြယ်တဲ့အခါမှာ ပုံမှာခြယ်ပြထားသလို အပေါ်နားတက်ပြီး ခြယ်ပေးပါ။

မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။ အနောက်အထိရောက်အောင် အပြည့်မခြယ်ပါဘူး။

Eyeliner ကို Wing ထွက်အောင်ဆွဲပါမယ်။ Eyeliner ဆွဲတဲ့ပေါ်မူတည်ပြီး Eye Look ရဲ့အလှနဲ့ ဆွဲဆောင်မှုက ပြောင်းလဲသွားစေတာကြောင့် သေချာလေးဆွဲပေးပါ။

မျက်တောင်ကော့တဲ့အခါမှာ သေသေချာချာလေး ကော့ပြီးလှချင်ရင် Eyelash Serum နဲ့ အရင်ကော့ပြီးမှ Mascara နဲ့ ကော့ပေးပါ။

ခုနက Eyeshadow ကို မျက်လုံးအောက်နား အပြည့်မခြယ်ပဲထားတဲ့ အရှေ့ဘက်နေရာလေးမှာ Glitter Eyeshadow အဖြူလေးကို ခြယ်ပေးပါ။

Contour Palette အညိုနဲ့ နှာတံဖော်ပြီး နှာတံအလယ်ကို Highlighter ခြယ်ပေးပါ။

မျက်ခုံးအောက်ဘက် အစွန်းနားလေးကိုလည်း Highlighter ခြယ်ပေးပါ။

ပါးရိုးနှစ်ဖက်ကို Highlighter ခြယ်ပြီး ပန်းရောင်ဘက်သွားတဲ့ ပါးနီခြယ်ပါမယ်။

နှုတ်ခမ်းနီကိုတော့ အညိုပဲဆိုးပါမယ်။ ကိုယ့်နှုတ်ခမ်းအလှကို သေချာပေါ်လွင်ချင်ရင်တော့ Lip Liner နဲ့ နှုတ်ခမ်းပုံဖော်ပြီးမှ ဆိုးပေးပါ။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး ပွဲတက်အတွက်လည်းအဆင်ပြေတဲ့၊ အရမ်းလည်းလှတဲ့ Makeup Look ကို ရရှိသွားပါပြီ။