ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဆွဲဆောင်မှုရှိပြီး မိုက်နေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဖက်ရှင်ကျကျဝတ်စားပြီး ဓာတ်ပုံရိုက်တဲ့အခါ ဒီပို့စ်လေးတွေက အရမ်းအသုံးဝင်ပါလိမ့်မယ်။

ခုံအနိမ့်လေးမှာ ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ရိုက်ကြည့်နော်။ အထာကျပြီး အရမ်းမိုက်ပါတယ်။ မျက်နှာထားကို တည်တည်နေရင် ပိုမိုက်ပါတယ်။

ဒီပို့စ်လေးကတော့ ဆွဲဆောင်မှုရှိပြီး ချစ်ဖို့လည်းကောင်းတဲ့ ဂျစ်ကန်ကန်ပုံစံ look လေးပါ။

သူများနဲ့မတူတဲ့ပုံစံလေး ရိုက်မယ်ဆိုရင် ဒီလိုပို့စ်လေးကလည်း ဆွဲဆောင်မှုရှိပြီး မိုက်ပါတယ်။

ထိုင်ရိုက်တဲ့ပို့စ်တွေက ထပ်နေပြီဆိုရင် ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ အသစ်အဆန်းဖြစ်ပြီး မိုက်သလို ကိုယ်ဝတ်ထားတဲ့ဖက်ရှင်တွေလည်း ပေါ်လွင်စေပါတယ်။

အဝေးကနေမရိုက်ပဲ တစ်ခါတစ်လေ အနီးကပ်ကိုမှ အပေါ်စီးကနေရိုက်ပြီး ဒီလိုလေးပို့စ်ပေးကြည့်နော်။ ဆွဲဆောင်မှုရှိပြီး အထာကျကျနဲ့ မိုက်ပါတယ်။

မျက်မှန်လေးတပ်ထားတယ်ဆိုရင်တော့ ဒီပို့စ်လေးက အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

Mirror selfie ကို သူများနဲ့မတူအောင် ရိုက်ချင်တယ်ဆိုရင် ဒီလိုလေးထိုင်ရိုက်ကြည့်ပါ။ ဖုန်းကို အောက်နည်းနည်းစိုက်ပြီး ကိုင်ထားပါ။ ဒါဆိုရင် ဒီလိုပုံလေးထွက်လာမယ်နော်။

ဆွဲဆောင်မှုရှိပြီး အရမ်းမိုက်တဲ့ နောက်ထပ်ပို့စ်လေးပါ။ လက်ညှိုးကို ကိုက်ထားတာလေးက ဆွဲဆောင်မှုရှိပြီး ဝတ်ထားတဲ့ဖက်ရှင်ကြောင့် ပိုမိုက်သွားစေတာပါ။ ဒါကြောင့် ဒီလိုပို့စ်လေးရိုက်မယ်ဆိုရင် ဖက်ရှင်ကို အထာကျကျလေး ဝတ်ထားရင် ပိုမိုက်ပါတယ်။

ရိုးရိုးလေးဆိုပေမယ့် မျက်နှာထားကြောင့် ဆွဲဆောင်မှုရှိစေတဲ့ ပို့စ်လေးပါ။

နောက်ထပ် ဆွဲဆောင်မှုရှိပြီးမိုက်တဲ့ ပို့စ်လေးပါ။ ခြေထောက်၊ လက်နဲ့ မျက်နှာထားက အသက်ပါပဲ။