နွေရာသီမှာ ပွဲတက်စရာရှိလို့ပဲဖြစ်ဖြစ်၊ ဆွဲဆောင်မှုရှိတာမျိုးလေး ပြင်ချင်ရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ ပြင်လို့ရအောင် ဆွဲဆောင်မှုရှိပြီးလှတဲ့ Summer Sunset Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အောက်ခံ Makeup Foundation မလိမ်းခင်မှာ Primer လိမ်းပါမယ်။ ပြီးမှ Foundation လိမ်းပါမယ်။ Foundation ကိုတော့ နွေရာသီဖြစ်တဲ့အတွက် Matte Type လေးလိမ်းပါမယ်။

မျက်ကွင်းညိုတာကို Concealer နဲ့ဖုံးပြီး အမဲစက်၊ ဝက်ခြံတွေရှိရင်လည်း Concealer နဲ့ဖုံးပေးပါ။

မျက်ခုံးမွှေးကို လှလှလေးနဲ့သပ်သပ်ရပ်ရပ်လေး ဆွဲပေးပါ။ ပြီးရင်တော့ Brow Gel အညိုလေးနဲ့ ဖြီးပေးပါ။

Eyeshadow စခြယ်ဖို့အတွက် အရင်းဆုံး အညိုရောင်အဖျော့ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားထောင့်လေးကိုလည်း ခြယ်ပေးပါ။

လိမ္မော်ရောင်ကိုမှ အုတ်ကျိုးရောင်ဘက်သွားတဲ့ အရောင်လေးကိုယူပြီးတော့ မျက်ခွံမှာခြယ်ပါမယ်။ ဒီတစ်ခါမှာတော့ မျက်ရစ်အလယ်နားလေးကို ချန်ထားပြီး ခြယ်ပေးပါ။

ရွှေရောင် Glitter Eyeshadow ကို မျက်ခွံအလယ်လေးမှာ ခြယ်ပေးပါ။ မျက်လုံးအောက်နားလေးကိုလည်း နည်းနည်းခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Eyeliner ကိုတော့ ပါးပါးလေးပဲဆွဲပါမယ်။ Wing ထွက်အောင် ဆွဲပေးပါ။ ဒါမှ ဆွဲဆောင်မှုရှိတဲ့ Look လေးရမှာပါ။

ပါးနီကိုလည်း လိမ္မော်ရောင်ဘက်သွားတဲ့ အရောင်လေးပဲ ခြယ်ပါမယ်။

Bronzer နဲ့ ပါးရိုး၊ မေးရိုးချပြီး နှာတံဖော်ပါမယ်။ Bronzer ကို အရမ်းညိုတာမျိုး မသုံးပါနဲ့။

နှုတ်ခမ်းနီကိုတော့ အညို (သို့) လိမ္မော်ဖောက်တဲ့အရောင်လေး ဆိုးပေးပါ။

ရွှေရောင် (သို့) အညိုဖောက်တဲ့ Highlighter နဲ့ ပါးရိုးနှစ်ဖက်၊ နှာတံနဲ့ မေးစိကို နည်းနည်းစီခြယ်ပေးပါ။ ဒါမှ Glow ပြီး ပိုလှသွားမှာပါ။

နောက်ဆုံးမှာတော့ Setting Powder ကို Powder Brush နဲ့ လိမ်းပေးပါမယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီးလှတဲ့ Summer Sunset Makeup Look လေးကို ရရှိသွားပါပြီ။