လက်သည်းနီကို ရိုးရိုးရှင်းရှင်းဗြောင်လေးတွေပဲ ဆိုးရတာကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆွဲဆောင်မှုရှိပြီးလှတဲ့ လက်သည်းနီအရောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ အရောင်လေးတွေလည်း ဖြစ်ပါတယ်။

ဒီအရောင်လေးက လူကြီးလူငယ် အားလုံးနဲ့လိုက်ပြီး အသားလည်းဆောင်တဲ့ လက်သည်းနီအရောင်လေးပါ။

အရောင်ငြိမ်ပြီး ဆွဲဆောင်မှုရှိသလို အရမ်းလည်းလှတဲ့ အရောင်လေးပါ။ ဒါလည်း လူကြီးလူငယ် အားလုံးနဲ့လိုက်ဖက်တာပါပဲ။

အပြာဆိုရင် ဒီလိုအရောင်လေးက အရမ်းလှပြီး ဆွဲဆောင်မှုရှိစေပါတယ်။

ရှားပါးအရောင်လေးဖြစ်ပြီး လက်မှာပဲဖြစ်ဖြစ်၊ ခြေထောက်မှာပဲဖြစ်ဖြစ် ဆိုးလိုက်ရင် အရမ်းဆွဲဆောင်မှုပြီး လှပါတယ်။ လူကြီးလူငယ် အကုန်လုံးနဲ့လည်း လိုက်ပါတယ်။

အနီရဲရဲလေးတွေကတော့ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုရှိပြီး အရမ်းလှသလို လက်လေးလည်း ပိုပေါ်လွင်စေပါတယ်။

ဇီးသီးရောင်လို့ အလွယ်ခေါ်ကြတဲ့ ဒီအရောင်လေးဆိုလည်း ဆွဲဆောင်မှုရှိပြီးလှပါတယ်။ ဒါ့အပြင် အသားလည်းဆောင်တာကြောင့် မိန်းကလေးတိုင်းနဲ့ အသက်အရွယ်မရွေး လိုက်ဖက်ပါတယ်။

အရမ်းအသားဆောင်ပြီးလှတဲ့ အရောင်လေးပါ။ အသားဖြူဖြူ၊ ညိုညို အားလုံးနဲ့ လိုက်ဖက်ပါတယ်။

ခဲဘက်သွားတဲ့ ဒီအရောင်လေးဆိုရင် အရောင်နည်းနည်းမှိုင်းပေမယ့် ဆွဲဆောင်မှုရှိပြီးလှတဲ့ အရောင်လေးပါ။

နက်ပြာရောင်စိုစိုလေးတွေကလည်း အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။ လက်မှာပဲဖြစ်ဖြစ်၊ ခြေထောက်မှာပဲဖြစ်ဖြစ် ဆိုးလိုက်ရင် ထင်းပြီး ပေါ်လွင်နေတာမျိုးပါ။

ဒီအရောင်လေးက လူကြီးတွေအရမ်းကြိုက်ကြတဲ့ အရောင်လေးပါ။ အသားဆောင်ပြီး အရမ်းလှပါတယ်။

photo source:www.youtube.com