အသားညိုတဲ့ အညိုဆင်လေးတွေအတွက် မိတ်ကပ်ပြင်တဲ့အခါမှာ ဆွဲဆောင်မှုရှိပြီး လှနေစေမယ့် glow makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး primer လိမ်းပြီး foundation လိမ်းပါမယ်။ အသာားညိုတဲ့သူတွေက foundation ရွေးတဲ့အခါမှာ ဖြူတဲ့အရောင်မျိုးထက် အဝါဖောက်တာမျိုးကို ရွေးချယ်ပါ။ မိတ်ကပ်လိမ်းရင် လက်နဲ့မလိမ်းပဲ makeup sponge နဲ့လိမ်းပါ။

ပုံမှာပြထားတဲ့နေရာလေးတွေကို concealer သုံးပါမယ်။

Setting powder သုံးတဲ့အခါမှာ မျက်လုံးအောက်နားတစ်ဝိုက်ကို သေချာဖုံးပေးပါ။ ပြီးမှ မျက်နှာတစ်ပြင်လုံးကို ပါးပါးလေး လိုက်လိမ်းပါ။ ဖုန်ဖုန်ကြီးဖြစ်အောင် အများကြီးမလိမ်းပါနဲ့။

မျက်နှာလိမ်းလို့ပြီးရင် မျက်ခုံမွှေးဆွဲပါမယ်။

Contour stick နဲ့ ပုံမှာပြထားတဲ့နေရာတွေကိုဆွဲပြီး makeup brush နဲ့ blend လုပ်ပေးပါ။

ပါးနီကို တခြားအရောင်တောက်တာတွေမခြယ်ပဲ ပုံမှာပြထားတဲ့အရောင်လေးပဲ ပါးရိုးမှာ ခြယ်ပေးပါ။ ဒါက အသားညိုတဲ့သူတွေနဲ့ ပိုလိုက်ပါတယ်။

မျက်လုံးခြယ်ဖို့အတွက် အရင်ဆုံး အဖြူဖောက်တဲ့ eyeshadow အရောင်ကို မျက်ခွံမှာ ခြယ်ပါမယ်။
အသားရောက်ကို ထပ်ခြယ်ပါမယ်။

အုတ်ကျိုးရောင်ဘက်သွားတဲ့ eyeshadow အရောင်လေးကို မျက်ခွံအပေါ်နားမှာ ခြယ်ပါမယ်။

အညိုရောင် eyeshadow ကို ပုံမှာပြထားတဲ့အတိုင်း ထောင့်နားလေးတွေမှာ ခြယ်ပါမယ်။ ပြီးရင်တော့ brush နောက်တစ်ချောင်းနဲ့ blend လုပ်ပေးပါ။

ရွှေညိုရောင် glitter eyeshadow ကို လက်ချောင်းလေးနဲ့ယူပြီး မျက်ခွံပေါ်မှာ ခြယ်ပေးပါ။ ပြီးမှ brush နဲ့ blend ပါမယ်။

ရွှေရောင်အဖျော့ glitter eyeshadow ကို လက်ချောင်းလေးနဲ့ယူပြီး မျက်လုံးထိပ်စွန်းလေးမှာ ခြယ်ပါမယ်။ ပုံမှာပြထားတဲ့အတိုင်း မျက်ခုံးထောင့်စွန်းနား အောက်ကိုလည်း နည်းနည်းလေးခြယ်ပေးပါ။

Eyeliner ကို ပါးပါးလေးဆွဲပါမယ်။ မျက်တောင်တု အနေတော်ဖြစ်တာလေး တပ်ပါမယ်။ မျက်တောင်တုမတပ်ချင်ရင်တော့ mascara နဲ့ ၂ ထပ်လောက် ထူထူလေးဖြစ်အောင် ကော့လိုက်ပါ။

ပါးရိုးအပေါ်နားနှစ်ဖက်၊ နှာတံ၊ အပေါ်နှုတ်ခမ်းအပေါ်နေရာတွေကို highlighter ခြယ်ပါမယ်။ အသားညိုတဲ့သူတွေက highlighter သုံးတဲ့အခါမှာ အဖြူဖောက်တာမသုံးပဲ ရွှေရောင်ကို သုံးပေးပါ။

နှုတ်ခမ်းနီကို nude ကာလာလေး ဆိုးပါမယ်။ နောက်ဆုံးမှာတော့ setting spray ဖြန်းပါမယ်။

ဒါဆိုရင်တော့ အညိုဆင်လေးတွေအတွက် ဆွဲဆောင်မှုရှိပြီးလှတဲ့ glow makeup look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။