ညဘက်ပွဲသွားစရာရှိတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဆွဲဆောင်မှုရှိတဲ့ Look မျိုး ပြင်ချင်တဲ့အခါမှာပဲဖြစ်ဖြစ် အဆင်ပြေအောင်လို့ ဆွဲဆောင်မှုရှိပြီးလှတဲ့ Ethereal Soft Glam Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး မျက်ခုံးမွှေးဆွဲပါမယ်။

Eyeshadow ခြယ်ဖို့အတွက် အရင်ဆုံး concealer လိမ်းပါမယ်။

အညိုရောင်အဖျော့ဖြစ်တဲ့ eyeshadow ကို မျက်ခွံမှာခြယ်ပါမယ်။

ပုံမှာလိမ်းပြထားတဲ့နေရာကို concealer ထပ်လိမ်းပါမယ်။

ခဲပြာလိုမျိုး eyeshadow အရောင်လေးကိုလည်း ပုံမှာခြယ်ပြထားတဲ့အတိုင်း ခြယ်ပေးပါ။ မျက်ခွံအပြည့် လုံးဝမခြယ်ပါနဲ့။

Glitter eyeshadow အဖြူကို မျက်ခွံအရှေ့နား ခုနက ခဲပြာလိုမျိုး eyeshadow အရောင်လေးခြယ်ထားတဲ့ နေရာမှာ ခြယ်ပါမယ်။ အညိုရောင် eyeshadow ကို မျက်ခွံအနောက်မှာ ထပ်ခြယ်ပါမယ်။

မျက်လုံးခြယ်လို့ပြီးပြီဆိုရင် eyeliner ဆွဲပါမယ်။ မျှင်မျှင်လေးပဲဆွဲပြီး အနောက်ကို wings ထွက်အောင် ဆွဲပေးပါ။ Gel eyeliner or pencil eyeliner သုံးရင် ပိုအဆင်ပြေပါတယ်။

Eyeliner wings နေရာမှာ အပေါ်နားကကပ်ပြီး အညိုရောင် eyeliner နဲ့ထပ်ဆွဲပေးပါ။ ပြီးရင် မျက်လုံးအောက်နား ထိပ်ဘက်ကိုလည်း အညိုရောင် eyeliner ဆွဲပါမယ်။

Mascara နဲ့မျက်တောင်ကော့ပါမယ်။ မျက်တောင်တုတပ်လိုက်ရင်တော့ ပိုလှသွားမှာပါ။

Eye makeup ပြင်ပြီးပြီဆိုတော့ foundation လိမ်းပါမယ်။

မျက်ကွင်းညိုတဲ့နေရာနဲ့ အသားအရောင်မညီတဲ့နေရာကို concealer လိမ်းပါမယ်။ ပြီးရင် powder လိမ်းပါမယ်။

နှာတံဖော်ဖို့လည်း မမေ့ပါနဲ့။ ပြီးရင် နှာတံကို highlighter နည်းနည်းခြယ်ပေးပါ။

Coffee ရောင်လိုမျိုး အညိုဖျော့လေးကို ပါးနီအဖြစ်ခြယ်ပါမယ်။ အများကြီးခြယ်စရာမလိုပါဘူး။ ပါးပါးလေးပဲ ခြယ်ပေးပါ။

မျက်လုံးအောက်နားကို coffee ရောင် eyeshadow ခြယ်ပါမယ်။ ပြီးရင် ခဲပြာလိုမျိုး eyeshadow ကို ပုံမှာခြယ်ပြထားတဲ့အတိုင်း ခြယ်ပေးပါ။

အားလုံးပြီးပြီဆိုရင်တော့ နှုတ်ခမ်းနီကို အညိုရောင်ဆိုးပြီး အပေါ်ကနေ lip gloss လေးထပ်ဆိုးလိုက်ပါ။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီးလှတဲ့ Ethereal Soft Glam Makeup Look လေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။