မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိရှိနဲ့ လှနေစေမယ့် Chic Gray Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ အောက်ခံ Skin ကောင်းဖို့အတွက် Skincare လိမ်းပါမယ်။ အဓိကကတော့ Moisturizer ပါ။ နေ့ဘက်မှာဆိုရင်တော့ Sunscreen လိမ်းဖို့မမေ့ပါနဲ့။

Concealer ကို အဓိကလိမ်းရမယ့်နေရာတွေ ပုံမှာလိမ်းပြထားပါတယ်။ အဲ့အတိုင်းလိမ်းပေးပါ။ ပြီးရင် Foundation or Cushion ထပ်လိမ်းပါမယ်။

Powder ပုတ်လိမ်းပါမယ်။

Contouring Palette အညိုနဲ့ နှာတံဖော်ပြီး Jawline ပေါ်အောင် မေးရိုးချပါမယ်။

မျက်ခုံးမွှေးကို ခဲရောင်လေးနဲ့ဆွဲပါမယ်။

Eyeshadow ခဲရောင်နဲ့အညိုရောင်ကို စပ်ပြီးတော့ မျက်ခွံမှာ ခြယ်ပေးပါ။ မျက်လုံးအောက်နားလေးကိုလည်း ခြယ်ပေးပါ။

Eyeliner ကို အပေါ်ရောက်အောက်ရော ဆွဲမှာဖြစ်တဲ့အတွက် Gel ခဲတံလေးနဲ့ ဆွဲပါမယ်။ Wing ထွက်အောင် သေချာလှလှလေး ဆွဲပေးပါ။ အောက်နားကိုတော့ မျက်လုံးအရှေ့အထိရောက်အောင် မဆွဲပါဘူး။

အဖြူနည်းနည်းဖောက်တဲ့ Glitter Eyeshadow ကို မျက်လုံးအောက်ဘက် အရှေ့နားလေးမှာ ခြယ်ပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အပေါ်မျက်တောင်ရော၊ အောက်မျက်တောင်ရော ကော့ပေးပါ။

Brow Gel နဲ့ မျက်ခုံးမွှေးကိုဖြီးပေးပါ။ ဒါမှပိုလှမှာပါ။

ပါးနီကို Peach Color ဖျော့ဖျော့လေးပဲ ခြယ်ပါမယ်။

နှုတ်ခမ်းနီကိုတော့ အညိုနဲ့လိမ္မော်ဖောက်တဲ့ အရောင်လေး ဆိုးထားပါတယ်။ အညိုကြီးပဲဆိုးလိုက်ရင် နည်းနည်းမှိုင်းသလို ဖြစ်သွားနိုင်တဲ့အတွက် အရောင်နည်းနည်းတောက်တာလေး ဆိုးပေးပါ။

Highlighter ထပ်သုံးချင်တဲ့သူဆိုရင် ပါးရိုးနှစ်ဖက်၊ နှာတံနဲ့ မေးစိနေရာလေးတွေကို ခြယ်လို့ရပါတယ်။

ဒါဆိုရင်တော့ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ Chic Gray Makeup Look ကို ရရှိသွားပြီပဲဖြစ်ပါတယ်။

ဒီ Makeup Look လေးက ပွဲတက်အတွက်လည်း အဆင်ပြေသလို ထသွားထလာကို လှလှပပလေး ပြင်ဆင်ခြယ်သချင်တဲ့အခါမှာလည်း အရမ်းအဆင်ပြေတဲ့ Look လေးပါ။