ရာသီဥတုအေးလာပြီဆိုရင် အအေးဓာတ်ကြောင့် နှုတ်ခမ်းသားတွေ ခြောက်တာ ၊ ကွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုမျိုးမဖြစ်အောင် နှုတ်ခမ်းသားရဲ့ အစိုဓာတ်ကိုထိန်းခြင်းဖြင့် ကာကွယ်လို့ရပါတယ်။ ဒါကတော့ ဆောင်းရာသီမှာ နှုတ်ခမ်းသား ခြောက်တာ ကွဲတာမျိုး မဖြစ်အောင် အိမ်မှာတင် ကိုယ်တိုင်လုပ်လို့ရတဲ့ နည်းလမ်းတွေပါ။

Lip Scrub လုပ်ပါ

အိမ်မှာ သကြား ၊ ပျားရည် ၊ Glycerin သို့မဟုတ် အုန်းဆီတို့နဲ့ နှုတ်ခမ်းကို ပွတ်ပေးပါ။

Hydrating Lip Balm ( SPF ) သုံးပါ

နူးညံ့တဲ့ နှုတ်ခမ်းသားရဖို့ Lip Balm က တကယ်ကို အရေးကြီးပါတယ်။ နှုတ်ခမ်းနီဆိုးရတာ သဘောကျတယ်ဆိုရင် ဆောင်းရာသီမှာ အရောင်ပါတဲ့ Lip Balm တွေကိုသုံးလို့ရပါတယ်။ Lip Balm သုံးတဲ့အခါ SPF ပါတဲ့ Lip Balm ကိုသုံးပါ။

နှုတ်ခမ်းကို လျှာနဲ့ မသပ်ပါနဲ့

နှုတခမ်းခြောက်တဲ့အခါ တချို့က နှုတ်ခမ်းကို လျှာနဲ့သပ်တတ်ကြပါတယ် ။ ဒီလိုလုပ်တာက ခနတော့သက်သာပေမယ့် နှုတ်ခမ်းကိုပိုခြောက်စေပြီး နှုတ်ခမ်းကွဲတာကို ပိုဖြစ်စေပါတယ်။

ရေသောက်ပါ

နှုတ်ခမ်းမှမဟုတ်ပါဘူး ။ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ရေဓာတ် ဖြည့်ဖို့က တကယ်ကို အရေးကြီးပါတယ် ။ ဒါကြောင့် ရေသောက်ဖို့မမေ့ပါနဲ့။

ဗာဒံဆီလိမ်းပါ

ဗာဒံဆီထဲမှာပါတဲ့ ဗီတာမင် A & E က နှုတ်ခမ်းကို သဘာဝအတိုင်း ရေဓာတ်နဲ့ အာဟာရဖြစ်အောင် ထိန်းသိမ်းပေးတာမလို့ နှုတ်ခမ်းသာကိုကာကွယ်ဖို့ ဗာဒံဆီလိမ်းပေးပါ။

ညဘက်မှာ နှုတ်ခမ်းသားကို ထိန်းသိမ်းပါ

အိပ်တဲ့အခါ နှုတ်ခမ်းကို Lip Balm ဒါမှမဟုတ် အုန်းဆီစစ်စစ်ကို လိမ်းပါ။