ရင်သား ကိတ်ချင်ပေမယ့် လေ့ကျင့်ခန်း အစုံလျှောက်လုပ်ပြီးခါမှ ရင်သားသေးသွားမှာကို ကြောက်နေတဲ့ ပျိုမေလေးတွေအတွက်ရော ဘယ်လေ့ကျင့်ခန်းက စလုပ်လို့လုပ်ရမှန်းမသိတဲ့ ပျိုမေလေးတွေအတွက် အခုတစ်ခေါက် ဖော်ပြပေးမှာတော့ ရင်သားကိတ်စေမယ့် လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။

အလေးတုံး ၂ တုံး ရှိရုံနဲ့ မိမိအိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်ပြီး အမှန်တကယ် ထိရောက်တဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ အလေးတုံး မရှိဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ အရွယ်အစားတူ ရေဘူးနှစ်ဘူး အသုံးပြုပြီးလည်း လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းကတော့ Chest Fly လို့ခေါ်ပြီးတော့ အလေးတုံးနှစ်ခုကို ပျံသန်းနေတဲ့ပုံစံ ပြုလုပ်ရမှာပါ။ အရင်ဦးဆုံး ပထမပုံအတိုင်း လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ အသင့်အနေအထားပြင်ထားပါ။ အလေးတုံးကို ရင်ဘတ်တည့်တည့်မှာ တံတောင်အနည်းငယ်ကွေးပြီး ဆန့်တန်းထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးဘက်သို့ ကားလိုက်ပါ။

ထိုပုံစံအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

ဒီလေ့ကျင့်ခန်းကိုတော့ Chest Press လို့ခေါ်ပါတယ်။ အလေးတုံးနှစ်တုံးကို ပထမပုံအတိုင်း ကိုင်ထားပါ။ ထို့နောက် အလေးတုံးကို ရင်ဘက်နဲ့တစ်တန်းတည်းဖြစ်အောင် အပေါ်သို့ ဆန့်ထုတ်လိုက်ပါ။

ထိုပုံစံအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၃)

ဒီလေ့ကျင့်ခန်းကတော့ စောစောက လေ့ကျင့်ခန်း (၂)နဲ့ အတူတူပါပဲ။ အလေးတုံးကိုင်တဲ့အနေအထားပဲ ကွာသွားတာပါ။ အလေးတုံးနှစ်တုံးကို ဒေါင်လိုက်ကိုက်ထားပြီးနောက် အပေါ်သို့ ဆန့်ထုတ်လိုက်ပါ။

ထိုပုံစံအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

ဒီလေ့ကျင့်ခန်းကတော့ လေ့ကျင့်ခန်း (၃)နဲ့ (၄)ကို ပေါင်းစပ်ထားတာပါ။ အရင်ဦးဆုံး ပထမပုံအတိုင်း အသင့်အနေအထားပြင်ပါ။ ထို့နောက် ရင်ဘတ်အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ထို့နောက် ဘေးနှစ်ဖက်သို့ ကားပါ။ ပြီးရင်တော့ အလေးတုံးနှစ်ခုကို ပြန်စုထားပါ။

ထိုပုံစံအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)နှင့် (၆)

ဒီလေ့ကျင့်ခန်း နှစ်ခုကတော့ ဒိုက်ထိုးလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ သင့်အနေနဲ့ အခုမှ စလုပ်မယ့်သူဆိုရင်တော့ လေ့ကျင့်ခန်း (၅) ကို ခဏ ကျော်ထားလိုက်ပါ။ ကျွမ်းကျင်အဆင့်ရောက်မှာ အလွတ်တန်းဒိုက်ထိုးခြင်းကို ဆက်လုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၆)ကပုံစံကတော့ ဒူးဖြင့် ခန္ဓာကိုယ်ကို ထိန်းထားပြီး ဒိုက်ထိုးတာပါ။ ၁၅ ကြိမ် ၃ ကျော့ခန့် ပြုလုပ်ပေးလိုက်ပါ။

အခုဖော်ပြသွားတဲ့လေ့ကျင့်ခန်းများကို တစ်ပတ် ၂ ကြိမ်ခန့် ပြုလုပ်ပေးပါက တစ်လကြာတဲ့အခါ သင့်ရင်သား ကိတ်လာတာကို မြင်တွေ့ရပါလိမ့်မယ်။

Source: Shefit.com