Eyeliner ဆွဲရတာက ကြည့်လိုက်ရင် လွယ်မလိုလိုနဲ့ တကယ်လုပ်ကြည့်တဲ့အခါ ခက်ခဲနေတတ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် မညီတာ၊ Wing ကော့တဲ့အချိန် ထူသွားတာ၊ မမြင်ရတာ စတဲ့ ပြဿနာ အမျိုးမျိုးပါပဲ။ Eyeliner ကိုကျွမ်းကျွမ်းကျင်ကျင် ဆွဲနိုင်ဖို့က အချိန်ယူလေ့ကျင့်ရမှာပါ။ ပျိုမေတို့အတွက် Eyeliner ဆွဲတာ လေ့ကျင့်ဖြစ်ဖို့နည်းလမ်းကတော့ ရေချိုးခါနီးတိုင်း Eyeliner ဆွဲကြည့်တာပါ။ အချိန်ပေးပြီးပြန်ဖြတ်ရပေမယ့် ဒီနည်းလမ်းနဲ့မှလေ့ကျင့်ဖြစ်မှာပါ။ မိတ်ကပ်နေ့တိုင်း လိမ်းနေရသူ ပျိုမေတွေဆိုရင်တော့ သပ်သပ်အချိန်ပေးပြီး ကျင့်စရာမလိုတော့ပါဘူး။

Eyeliner နဲ့ပတ်သက်ရင် ကိုးရီးယား မော်ဒယ်တွေ၊ မင်းသမီး၊ Idol တွေရဲ့ ပုံစံတွေကို ပျိုမေတို့နမူနာယူသင့်ပါတယ်။ ကိုယ့်မျက်နှာအလိုက် ပုံစံအမျိုးမျိုး ဆွဲကြည့်ရင်းနဲ့ ကိုယ်နဲ့ လိုက်ဖက်တဲ့ Eyeliner ပုံစံကို သိလာပါလိမ့်မယ်။ ဒီတော့ Eyeliner Idea ခပ်မိုက်မိုက်လေးတွေကို ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar