ကိုးရီးယား ကျောင်း ဒရာမာ ဇာတ်လမ်းတွေကို သင်ကြည့်ဖူးမှာပါ။ သူတို့ရဲ့ မိတ်ကပ် Look က လိမ်းထားတယ် မထင်ရဘဲ သဘာဝဆန်ဆန် လှတတ်ကြပါတယ်။ သင်ကိုယ်တိုင်လည်း သူတို့လို မိတ်ကပ် ပြင်နိုင်ပါတယ်။ ကိုးရီးယား လူငယ်ကျောင်းသူ မိန်းကလေးတွေလို Natural Makeup Look ရဖို့ ကိုယ့်မျက်နှာ အသားအရေကို ထိန်းသိမ်းဖို့ လိုအပ်သလို ကိုယ့်အသားအရေ အရောင်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ် Type ကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒီတော့ သင်က ကိုးရီးယား ကျောင်းသူလေးတွေလို မိတ်ကပ် Look မျိုး လိုချင်ရင်တော့ ဆက်ကြည့်လိုက်ပါနော်-

အဆင့် ၁

အဆင့် ၁ ကတော့ ပျိုမေတို့ သိပြီး ဖြစ်တဲ့ Skin Care အဆင့်ပါ။ Skin Care သေချာ လုပ်ပေးမှ သင့် အသားအရေက သဘာဝဆန်ဆန် အလှကို ပိုင်ဆိုင်မှာပါ။

အဆင့် ၂

Sunscreen ကို လိမ်းပေးရပါမယ်။ Sunscreen မှာမှ ကိုယ့်အသားအရေ အမျိုးအစားနဲ့ သင့်တော်ရာကို ရွေးချယ်သင့်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ Cream Type ကို ရွေးချယ်သင့်ပြီး အသားအရေ အဆီပြန်တတ်သူဆိုရင် Gel, Essence Type ကို ရွေးချယ်သင့်ပါတယ်။

အဆင့် ၃

BB Cream ဒါမှမဟုတ် CC Cream လိမ်းပေးသင့်ပါတယ်။ ဒီ Cream Type မိတ်ကပ်တွေက သင့်အသားအရေကို စိုစိုလေးနဲ့ သဘာဝ ဆန်ဆန် ရစေပါတယ်။ တကယ်လို့ သင့်ဆီမှာ BB, CC Cream မရှိရင် Serum နဲ့ Foundation ကို ပေါင်းစပ်ပြီး Own BB/CC Cream ဖန်တီးနိုင်ပါတယ်။

အဆင့် ၄

Concealer လိမ်းရမယ့် အဆင့်ပါ။ Concealer လိမ်းတဲ့အချိန် မျက်လုံးအောက်နဲ့ မျက်လုံးဘေးမှာပဲ လိမ်းသင့်ပါတယ်။ တြိဂံ ပုံစံ မဟုတ်ဘဲ ကိုယ်ဖုံးချင်တဲ့ နေရာပဲ လိမ်းပေးသင့်ပါတယ်။

အဆင့် ၅

မျက်ခုံးခြယ်ရမယ့် အဆင့်ပါ။ မျက်ခုံးခြယ်တဲ့အချိန် Eyebrow Gel ကို သုံးသင့်ပါတယ်။ Eyebrow Gel က မျက်ခုံးကို သဘာဝ ဆန်ဆန် ပိုလှစေပါတယ်။

အဆင့် ၆

မျက်တောင်ကော့ရမယ့် အဆင့်ပါ။ မျက်တောင်ရှည်တဲ့ Effect ပါတဲ့ Mascara ကို သုံးပြီး မျက်တောင်ကော့သင့်ပါတယ်။

အဆင့် ၇

မျက်လုံး အပေါ် ထိပ်ကို Eyeliner ခြယ်ပေးရပါမယ်။ Eyeliner ကို အထူကြီးမဟုတ်ဘဲ မျက်လုံး Outline သဘောမျိုး ခြယ်ပေးသင့်ပါတယ်။

အဆင့် ၈

ဒါက နောက်ဆုံး အဆင့်ပါ။ နှုတ်ခမ်းနဲ့ ပါးနီ ခြယ်ရပါမယ်။ ဒီလို ခြယ်တဲ့အချိန် အရောင်တူတဲ့ Tint မျိုးကို သုံးပေးရပါမယ်။ Peach Color, နဲ့ ပန်းရောင် အဖျော့လေးတွေက သဘာဝ ဆန်ဆန် Makeup Look ကို ပိုင်ဆိုင်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar