ခုလိုပူလွန်းတဲ့နွေရာသီမှာ ဝတ်ရတဲ့ဖက်ရှင်က တအားရိုးရှင်းလွန်းပါတယ်။ ဒါပေမယ့် အပူဒဏ်မှာ ဖက်ရှင်ကျကျနဲ့ သက်တောင့်သက်သာနေဖို့ ကြိုးစားမိတဲ့အချိန် ကိုယ့်ကိုယ်ကိုသတိမထားမိဘဲ အသက်ကြီးတယ်ထင်ရတဲ့ ဖက်ရှင်အမှားတွေကို မသိလိုက်ဘဲ လုပ်မိတတ်ပါတယ်။ဒီနွေရာသီမှာ လန်းလန်းဆန်းဆန်းနဲ့ နုပျိုနေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို သတိထားပေးပါ။

နေပူမှာဆိုးလို့ အသားနေလောင်မှာဆိုးလို့ဆိုပြီး အဝတ်အစားတွေအများကြီးဝတ်မိရင် ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်ကို ဖုံးသွားနိုင်တာမလို့ ပေါ့ပါးပြီး လေဝင်လေထွက်ရှိတဲ့ ၀တ်စုံများကို ရွေးချယ်ပါ။

သူငယ်ချင်းမိသားစုနဲ့ ကမ်းခြေ ဒါမှမဟုတ် ရေကူးကန်သွားဖို့ ရေကူးဝတ်စုံဝယ်တဲ့အခါ ရှေးရိုးဆန်လွန်းသော သို့မဟုတ် ခေတ်နောက်ကျလွန်းသော ဒီဇိုင်းကို မရွေးချယ်မိစေဖို့ သတိထားပါ။ ဒီတစ်ခုကတော့ ဖက်ရှင်အမှားတွေထဲက အဖြစ်အများဆုံးပါပဲ။

နေပူရင် အဝတ်လျှော့ဝတ်ချင်တာ သဘာဝပါပဲ။ ဒါပေမယ့် သတိထားပါ။ ဒါက ဖက်ရှင်အသုံးအဆောင်‌တွေကို လုံးဝလျစ်လျူရှုဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ရိုးရှင်းရှင်းနဲ့ သပ်ရပ်လွန်းတဲ့ ၀တ်စုံတွေက သင့်ကို အသက်ကြီးတဲ့ပုံစံ ဖြစ်စေပါတယ်။ ဒါကြောင့် ငယ်ရွယ်မှုကိုဖော်ကျူးဖို့နဲ့လန်းဆန်းတက်ကြွစေဖို့အတွက် ရောင်စုံလက်ကောက်များ၊ နေကာမျက်မှန်ကြီး စတဲ့ ဖက်ရှင်အသုံးအဆောင်‌တွေကို တွဲဖက်ဝတ်ဆင်ပါ။

အရမ်းကြပ်လွန်း ချောင်လွန်းတဲ့အဝတ်တွေက သင့်ကိုအသက်ကြီးတဲ့ပုံစံပေါ်စေတာကြောင့် ရှောင်ဖို့ အရေးကြီးပါတယ်။ ဒီလိုအဝတ်အစားတွေအစား ချော့မောတဲ့ သင့်ရဲ့ပုံသဏ္ဌန်ကိုပေါ်လွင်စေဖို့ လိုက်ဖက်တဲ့အဝတ်အစားတွေကို ရွေးချယ်ပါ။