Disney ကာတွန်းဇာတ်ကားတွေ ပေါ်ထွက်လာခဲ့တာ ရာစုနှစ်တွေ တော်တော်ကြာမြင့်ခဲ့ပါပြီ။ တချို့ကားတွေဆို ကိုယ်တွေငယ်ချိန်တုန်းက ထွက်ခဲ့တာဖြစ်သလို တချို့ဆို ကိုယ်တွေ မမွေးခင်ကတည်းက ထွက်ရှိခဲ့ကြတာပါ။
ဥပမာပြောရရင် ‘The Little Mermaid’ ဆို ၁၉၈၉ ခုနှစ်က ထွက်ရှိခဲ့တာဆိုတော့ ၃၄ နှစ် ရှိပါပြီ။ (စာရေးသူထက် ခြောက်နှစ်တောင် အသက်ကြီးတယ်နော်!) ‘Beauty & The Beast’ က ၁၉၉၁ ခုနှစ်ဆိုတော့ ကျွန်မထက် လေးနှစ်ပိုကြီးပါတယ်။
အဓိက ပြောချင်တာကတော့ ဒီကာတွန်းကားလေးတွေ ထွက်ရှိခဲ့တာ တော်တော်လေးကို ကြာမြင့်ခဲ့ပြီဆိုတော့ သူတို့ရဲ့အထဲမှာ အသုံးပြုတဲ့ ဖက်ရှင်လေးတွေကလည်း အခုခေတ်နဲ့ ပြန်ကြည့်မယ်ဆို တော်တော်လေး ပြောင်းလဲသွားတာကို မြင်တွေ့ရမှာပါ။
Veronique Pierre လို့ အမည်ရတဲ့ ပြင်သစ် artist တစ်ဦးက ဒစ်စနေး ဇာတ်ကောင်တွေကို အခုခေတ် အပြင်အဆင်လေးတွေနဲ့ ‘glow-up’ ပြန်လည်ပြောင်းလဲရေးဆွဲခဲ့ပြီး သူမရဲ့ TikTok အကောင့်မှာ တင်ပေးခဲ့ရာက Likes ပေါင်း ၁၃ သန်းကျော် ရရှိခဲ့ပါတယ်။
ဒါဆို သူမရဲ့လက်ရာကို ကိုယ်တွေလည်း အတူတူ ခံစားကြရအောင်လား။
Merida (Brave)
Cinderella (Cinderella)
Belle (Beauty & The Beast)
Wendy (Peter Pan)
Elsa (Frozen 2)
Kida Nedakh (Atlantis)
Giselle (Enchanted)
Vanellope (Wreck-It Ralph)
Jane Porter (Tarzan)
Nani (Lilo & Stitch)
Colette Tatou (Ratatouille)
Snow White (Snow White)
Credit: Veronique Pierre