ခန္ဓာကိုယ်တစ်ခုလုံးမှာ အဆီတွေမရှိဘူးဆိုတာသူကမရှိပါဘူးနော်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဗိုက်နဲ့လက်မောင်းကအဆီတွေ အများဆုံးစုနိုင်တဲ့နေရာအစိတ်အပိုင်းတွေဖြစ်ပါတယ်။ လက်မောင်းကြီးမှာပဲ အဆီတွေစုနေလို့ စိတ်မညစ်ပါနဲ့။ ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက် အဆီတွေကျစေပြီး ကျစ်လစ်သွားစေတဲ့လေ့ကျင့်ခန်းတွေရှိပါတယ်။

ကြိုးခုန်ပေးခြင်း

ကြိုးခုန်ခြင်းက ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုအားကိုအသုံးပြုပြီးကစားရတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် လက်မောင်းမှာရှိတဲ့အဆီပိုတွေကိုကျစေနိုင်တဲ့အပြင် ကြွက်သားတွေကိုလည်းသန်မာစေပါတယ်။ ကြိုးကိုအခုမှစပြီးခုန်မဲ့သူဆိုရင်တော့ အကြိမ်အရေအတွက်အများကြီး မခုန်စေချင်ပါဘူး။ နောက်နေ့တွေမှာခန္ဓာကိုယ်တစ်ခုလုံးနာကျင်ပြီး မခုန်နိုင်မှာစိုးရိမ်ရပါတယ်နော်။

ရေကူးပေးခြင်း

ရေကူးတာက လက်မောင်းကြွက်သားတွေကို အဓိကအသုံးပြုပြီးလေ့ကျင့်ပေးရတဲ့အတွက် လက်မောင်းမှာအဆီတွေကိုလျော့ကျစေနိုင်ပါတယ်။ ရေပုံမှန်ကူးခြင်းအားဖြင့် အဆုတ်အားလည်းကောင်းစေပါတယ်။တစ်ပတ်ကို အနည်းဆုံးနှစ်ခါလောက်တော့ ပုံမှန်ကူးပေးသင့်ပါတယ်နော်။

ကြက်တောင်ရိုက်ပေးခြင်း

ကြက်တောင်ရိုက်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားမှုကိုအဓိက အားပြုပေးနိုင်ပါတယ်။ လက်ကိုအားပြုပြီးကစားပေးရတဲ့ အားကစားဖြစ်တဲ့အတွက် လက်မောင်းကအဆီတွေကို ကျစေပါတယ်။

Photo Source – Free Pik