ချစ်သူရည်းစားဘဝမှာဖြစ်ဖြစ် ၊  အိမ်ထောင်သည်ဘဝမှာဖြစ်ဖြစ် Relationship တစ်ခုမှာ လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သည်းမခံနိုင်တော့တာမျိုး ၊ တစ်ယောက်က စိတ်ကုန်နေပြီး နောက်တစ်ယောက်က အတင်းဖက်တွယ်နေရတာမျိုးဟာ တော်တော်ကို အားကုန်ခမ်းစရာပါ။

တကယ်တော့ ကိုယ်က ဖက်တွယ်ထားသူဖြစ်ဖြစ် ၊ Relationship ကို စိတ်ကုန်သွားသူဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို ခံစားရတာကတော့ နှစ်ဦးစလုံးပါ။ စိတ်ကုန်သွားသူအနေနဲ့လည်း ရှေ့ဆက်ဖို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရသလို စိတ်ရှုပ်ထွေးမှု စိတ်အနှောင့်အယှက်တွေလည်းဖြစ်ရပါတယ်။

ကိုယ်က စိတ်ကုန်နေသူမဟုတ်ဘဲ ဖက်တွယ်နေသူဖြစ်နေတယ်ဆိုရင်တော့ ပူဆွေးမှုက အတိုင်းအဆမရှိပါပဲ။ ကိုယ့်ကို စိတ်ကုန်နေသူအပေါ် ဖက်တွယ်ထားမိတာဟာ အတော်ဆိုးရွားတဲ့ စိတ်ခံစားမှုပါ။ ဒီလိုဆိုးရွားတဲ့ စိတ်ခံစားချက်တွေကို ဘယ်အချိန်ထိ ဖက်တွယ်ထားမှာလဲ။

တာ်တော်ရက်စက်တဲ့ အကြံပေးစကားပါ။ ဒါပေမယ့် ကိုယ့်ကို စိတ်ကုန်နေတဲ့သူကို ဖက်တွယ်ထားတာက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရာရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးလည်း ထားမနေချင်ဘူး သူမှသူ ဖြစ်နေပါတယ်ဆိုရင်လည်း သူစိတ်အနှောင့်အယှက်မဖြစ်စေဖို့ သူ့အတွက်တွေးပြီး လက်လွှတ်ပေးလိုက်ပါ။ ဒါဟာ နှစ်ဦးနှစ်ဘက်လုံးအတွက် တကယ်ကို ထိရောက်တဲ့နည်းလမ်းပါ။

Source: lovepanky.com