သင်က အချစ်ရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း ကံခေနေသူတစ်ယောက်လား။ ရည်းစားတစ်ယောက်လောက် ထားချင်ပေမယ့် အခုအချိန်ထိ ရည်းစားမရသေးဘဲ Single ဘဝနဲ့ အရိုးထုတ်နေရတုန်းလား။

သင်က အခုအချိန်ထိ ဘာကြောင့် Single ဖြစ်နေရသလဲဆိုတာကို စဉ်းစားမရဖြစ်နေပါသလား။

ဒီအကြောင်းအချက်များနဲ့ တိုက်စစ်ကြည့်လိုက်ပါ။ ဘာ့ကြောင့် အခုချိန်ထိ ရည်းစား မရသေးသလဲဆိုတာ အဖြေပေါ်သွားပါလိမ့်မယ်။

အရမ်းချေနေလို့

သင်က ကောင်လေးတွေ အပေါ်မှာ ချေချေမိုးမိုး ဆက်ဆံတတ်သူတစ်ယောက်လား။ သေချာပါတယ်။ ဒါဆိုရင်တော့ သင်က တစ်သက်လုံး ရည်းစားရမှာ မဟုတ်ပါဘူး။

အရမ်း စိတ်ကူးယဉ်ဆန်နေလို့

ဘဝက ကိုရီးယားကား မဟုတ်ပါဘူး။ တကယ့်သမီးရည်းစား ဆက်ဆံရေးက ရင့်ကျက်မှုနဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံထားတာကြောင့် စိတ်ကူးယဉ်ဆန်ခြင်းက အမြဲတမ်းအသုံးတည့်မှာ မဟုတ်ပါဘူး။ လက်တွေ့ကျကျ နေထိုင်ဖို့ လိုပါတယ်။

ရည်းစားအရမ်းထားချင်နေလို့

လိုက်လေ ပြေးလေ ဆိုတဲ့အတိုင်းပဲ ကိုယ်က ပစ္စည်းတစ်ခုက အသည်းအသန် လိုချင်လို့ နေရာတိုင်းမှာ လိုက်ရှာဝယ်ပေမယ့် မတွေ့ဘဲ ကိုယ် မလိုချင်တဲ့အချိန်ကျမှ ပြန်တွေ့တာမျိုး ကြုံဖူးပါသလား။ ရည်းစားထားခြင်းကလည်း ဒီနည်းအတိုင်းပါပဲ။ သင် အရမ်းထားချင်တဲ့အချိန်မှာ ထားလို့မရ ဖြစ်တတ်ပါတယ်။

မျက်နှာများလို့

သင်က တွေ့သမျှလူအပေါ် သဘောမနောကောင်းစွာ ဆက်ဆံနေမယ်ဆိုရင်တော့ သင့်ကို တကယ်ယုံရပါ့မလား။ အရှေ့က ရည်းစားဟောင်းတွေလိုပဲ သူ့ကို ပစ်သွားရင် ဘယ်လိုလုပ်မလဲ စသည်ဖြင့်ပေါ့။

အချိန်မတန်သေးလို့

အချစ်စစ် အချစ်မှန်ဆိုတာ အချိန်တန်တဲ့အခါ သူ့ဘာသာသူ ရောက်လာပါလိမ့်မယ်။ သင်က တကူးတကကြီး လိုက်ရှာနေစရာမလိုပါဘူး။

စံနှုန်းတွေ အရမ်းမြင့်နေလို့

သင့်ရဲ့စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲမှာ သင့်ချစ်သူက ဘယ်လိုမျိုး စိတ်သဘောထားပြည့်ဝရမယ်။ ထက်မြက်ရမယ် စသည်ဖြင့် စံနှုန်းတွေ အရမ်းများနေရင်လည်း တစ်ကိုယ်တည်း အပျိုကြီးဖြစ်တတ်ပါတယ်။

သင့်အနေနဲ့ ဒီအကြောင်းအချက်တွေနဲ့ တိုက်ဆိုင်နေပြီလား။