တွဲလာတာကြာတဲ့အခါမှာပဲဖြစ်ဖြစ်၊ ရုတ်တရက်စိတ်ပြောင်းလဲလာတဲ့အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့လက်ရှိချစ်သူပေါ်မှာ စိတ်ကုန်နေတတ်ပါတယ်။ တချို့ကျတော့ အသစ်ရလို့ စိတ်ကုန်တာမျိုးပေါ့။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လက်ရှိချစ်သူအပေါ်မှာ စိတ်ကုန်နေပြီဆိုရင် နောင်တရတာမျိုးမဖြစ်အောင်၊ နှစ်ဖက်လုံးအတွက်မနစ်နာအောင် သေချာအချိန်ယူစဉ်းစားဖို့ လိုပါတယ်။

ကိုယ့်အနေနဲ့ ဘာကြောင့် လက်ရှိချစ်သူအပေါ်မှာ စိတ်ကုန်တာလဲဆိုတာ သေချာစဉ်းစားပါ။ သူ့အမှားတွေကြောင့်လား? သူ့အမှားတွေ၊ သူ့အပြစ်ကြောင့် စိတ်ကုန်တာမျိုးဆိုရင်တော့ သင့်ဘက်ကအမှန်တကယ် လမ်းခွဲနိုင်ရင် လမ်းခွဲပြတ်စဲလိုက်လို့ရပါတယ်။

သူ့ဘက်ကအပြစ်မရှိပဲ ကိုယ်ကိုယ်တိုင်ကိုက မတွဲချင်တော့တာ၊ ငြီးငွေ့လာတာ၊ ရိုးလာတာမျိုးကြောင့် စိတ်ကုန်တာဆိုရင်တော့ သင့်အနေနဲ့ သူမရှိပဲ တကယ်နေနိုင်ရဲ့လားဆိုတာကို သေချာစဉ်းစားပါ။ ပြတ်စဲလိုက်လို့ တချိန်မှာ နောင်တရနိုင်မလားစဉ်းစားပါ။ သူ့ဘက်ကကိုယ့်ကို အရမ်းချစ်တာမျိုးဆိုရင် တစ်ဖက်ကိုလည်း တွေးပေးသင့်ပါတယ်။ ကိုယ့်စိတ်အလိုတိုင်း တစ်ကိုယ်ကောင်းဆန်လို့ မဖြစ်ပါဘူး။

မသေချာသေးရင် တစ်ဖက်ကိုလည်း နာကျင်စေမယ့်စကားတွေ၊ နာကျင်စေမယ့်အရာတွေမလုပ်ပဲ တစ်ယောက်ထဲ ခဏလောက်အချိန်ယူစဉ်းစားလိုက်ပါ။ သူ့အပေါ်စိတ်ကုန်လို့ဆိုပြီး တစ်ဖက်မှာ အပျော်ရှာတာ၊ နောက်တစ်ယောက်နဲ့ပတ်သက်တာမျိုးတော့ မလုပ်မိပါစေနဲ့။ တစ်ခါတစ်လေမှာ စိတ်ကုန်ပေမယ့် တစ်ယောက်ထဲနေကြည့်လိုက်တဲ့အခါမှာ သူ့ကိုပြန်လွမ်းတာမျိုး၊ ပြန်တမ်းတတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နောက်မှနောင်တမရအောင်၊ စကားအလွန်တွေမပြောမိအောင် အရင်အချိန်ယူစဉ်းစားဖို့လိုပါတယ်။

Photo Source: www.freepik.com