မိန်းကလေးတစ်ယောက်အတွက် မျက်နှာအလှအပကအရမ်းကို အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ရုပ်အရမ်းချောနေစရာမလိုပေမယ့် မျက်နှာအသားအရေလေးကိုတော့ ကောင်းကောင်းထိန်းသိမ်းနေဖို့လိုအပ်ပေမယ့် မှားယွင်းမှုတစ်ချို့တွေကြောင့် မျက်နှာပေါ်မှာဝက်ခြံတွေ ပေါက်မြဲတိုင်းပေါက်နေမယ်ဆိုရင်တော့ ဂရုစိုက်ဖို့တော့လိုလာပြီလေ။

မှားယွင်းနေတဲ့ Sunscreen အသုံးပြုမှု

အသားအရေပေါ်ကို နေရောင်ကျရောက်တာကြောင့် အသားအရေပျက်စီးတာမျိုးတွေ မဖြစ်စေဖို့အတွက် Sunscreen ကလိုအပ်တဲ့အရာတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် Sunscreen တိုင်းကိုတူညီတယ်လို့ သတ်မှတ်ထားတာကမှားယွင်းမှုတစ်ခုပါ။ ခန္ဓာကိုယ်အတွက်သုံးတဲ့ Sunscreen တွေကိုမျက်နှာအတွက်လည်း သုံးတဲ့အခါမှာ ဓာတ်မတည့်မှုတွေဖြစ်ပြီး ဝက်ခြံတွေကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာအတွက်သီးသန့်သုံးပေးလို့ရမယ့် Sunscreen မျိုးကိုရွေးချယ်ပြီး အသုံးပြုသင့်ပါတယ်။

Conditioner တွေမပြောင်စင်တာကြောင့်

ခေါင်းလေ ျှာ်တဲ့အခါမှာ တော်တော်များများက ဆံသားတွေပျော့ပျောင်းအောင် Conditioner ကိုသုံးလေ့ရှိပါတယ်။ ဆံသားတွေကိုနူးညံ့ပြီးလှပနေအောင်လုပ်ပေးနိုင်ပေမယ့် အသားအရေအတွက်ဆိုရင်တော့ ပျက်စီးမှုတွေရှိလာနိုင်မှာပေါ့။ အသားအရေပေါ်ကိုကျလာတဲ့ Conditioner တွေကိုသေချာပြောင်စင်အောင် မဆေးကြောမိတဲ့အခါမှာ ဝက်ခြံတွေကိုဖြစ်ပေါ်လာစေဖို့ တွန်းအားဖြစ်သွားစေမှာဖြစ်ပါတယ်။

မျက်နှာသေချာမသစ်ဖြစ်တာ

တစ်နေ့ကို မျက်နှာနှစ်ကြိမ်တော့ပုံမှန်သစ်ရမယ့်အချိန်မှာ သေချာပြောင်စင်အောင် သစ်ဖို့ကအရေးကြီးဆုံးပါ။ မျက်နှာပေါ်မှာလိမ်းထားတဲ့ မိတ်ကပ်တွေကမပြောင်စင်တဲ့အခါမှာ မိတ်ကပ်အကြွင်းကျန်တွေကနေတစ်ဆင့် ဘက်တီးရီးယားတွေဖြစ်ပေါ်ပြီး ဝက်ခြံတွေကိုပိုပြီးတော့ဖြစ်လာစေနိုင်ပါတယ်။

သန့်ရှင်းမှုအားနည်းလွန်းတာကြောင့်

အဝတ်အစားတွေနဲ့ နေထိုင်တဲ့ပတ်ဝန်းကျင် ညစ်ပတ်တာတွေကြောင့်လည်း ဝက်ခြံတွေကိုပိုပြီးဖြစ်စေဖို့ တွန်းအားဖြစ်လာစေပါတယ်။ မသန့်ရှင်းတဲ့အိပ်ယာ၊ ခေါင်းအုန်းစွပ်တွေနဲ့ မျက်နှာပေါ်ကိုထိတွေ့ပြီး အသုံးပြုရတဲ့အရာတွေက သန့်ရှင်းမှုမရှိတဲ့အခါမှာလည်း ဝက်ခြံတွေဖြစ်လာစေမယ့် ဘက်တီးရီးယားတွေကို မွေးမြူနေသလိုဖြစ်ပြီး ဝက်ခြံတွေကိုပိုများလာစေပါတယ်။

အပြင်အရမ်းထွက်ရလွန်းတဲ့သူတွေ

နေ့စဉ်နေ့တိုင်းအပြင်ထွက်ရပြီး နေဒဏ်လေဒဏ်တွေကိုခံရတာများတဲ့သူတွေက ဝက်ခြံတွေကိုထိန်းချုပ်ဖို့တော်တော်လေးကို ခက်ခဲပါတယ်။ Skin Care ကောင်းကောင်းမသုံးပဲ အသားအရေကိုသေချာဂရုမစိုက်မိတဲ့ အခါမျိုးတွေမှာဆိုရင် ပိုဆိုးတာပေါ့။