ဗိုက်ပူလို့၊ ဗိုက်မှာအဆီတွေရှိလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဗိုက်ချပ်စေဖို့ အိမ်မှာအလွယ်တကူလုပ်လို့ရမယ့် Fitness YouTuber April Han ရဲ့ Abs Workout 6 မျိုးကို မျှဝေပေးလိုက်ပါတယ်။ Gym လည်းမသွားနိုင်ဘူး၊ အများကြီးလည်း ပင်ပန်းအောင်မလုပ်နိုင်ဘူးဆိုရင် ဒီ Workout 6 မျိုးကိုတော့ နေ့တိုင်းအချိန်ပေးပြီး လုပ်သင့်ပါတယ်။
Leg extensions
ပထမဆုံးအနေနဲ့ ပထမပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုမြှောက်ပြီး လက်နှစ်ဖက်ကိုလည်း လက်သီးဆုပ်ပြီး အပေါ်ဆန့်ထားပါ။ ပြီးရင် ဒုတိယပုံထဲကအတိုင်း ခြေထောက်တစ်ဖက်ကို ဆင်းချလိုက်၊ ပြန်မြှောက်လိုက်နဲ့ ဘယ်ညာတစ်လှည့်စီ စက္ကန့် ၄၀ ပြည့်အောင် လုပ်ပေးရုံပါပဲ။
Heel lifts
လက်နှစ်ဖက်ကို ကြမ်းမှာကပ်ထားပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကိုစုပြီး မြှောက်တင်လိုက်၊ ပြန်ချလိုက်နဲ့ စက္ကန့် ၄၀ လုပ်ပေးရမှာ ဖြစ်ပါတယ်။
Toe taps
လက်နှစ်ဖက်ကိုနောက်မှာထားပြီး ထောက်ထားပါ။ ခြေထောက်နှစ်ဖက်ကိုစုပြီး ပုံမှာပြထားတဲ့အတိုင်း မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ စက္ကန့် ၄၀ လုပ်ပေးပါ။ ဒီ Workout ကိုလုပ်ရင်တော့ ဗိုက်ကြောတွေနာမှာပါ။ ဒါပေမယ့် အရမ်းထိရောက်တာကြောင့် ကျော်မသွားပဲ သေချာလုပ်ပေးဖို့လိုပါတယ်။
Hip lifts
လက်နှစ်ဖက်ကိုယှက်ပြီး ပခုံးပေါ်တင်ထားပါ။ ခြေထောက်နှစ်ဖက်ကိုစုပြီး ဆန့်ထုတ်ပြီး အပေါ်ကို မြှောက်ရမှာပါ။ တင်ပါးကိုပင့်ပြီး ခြေထောက်မြှောက်ပါ။ ပြီးရင် ခြေထောက်ကို အောက်အထိပြန်မချပဲ ဒုတိယပုံထဲမှာပြထားသလောက်ပဲ ချပေးပါ။ ဒါကိုလည်း စက္ကန့် ၄၀ ဆက်တိုက်လုပ်ပေးရမှာပါ။
Ankle reach
ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုမြှောက်ပြီး လက်က ခြေချင်းဝတ်ကိုထိအောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လက်နဲ့ ညာခြေချင်းဝတ်ကိုထိ၊ ညာလက်နဲ့ ဘယ်ခြေချင်းဝတ်ကို ထိပေးပါ။ အဲ့အတိုင်း ၃၅ စက္ကန့်လောက်လုပ်ရင် ရပါပြီ။ ၁၅ စက္ကန့်လုပ် ၅ စက္ကန့်နားနဲ့ လုပ်ပေးလို့လည်း ရပါတယ်။
Planking hip twist taps
Plank ထောက်သလိုနေပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်နဲ့ ဘယ်စောင်းလိုက်၊ ညာစောင်းလိုက်နဲ့ ခါးလိမ်ပေးရမှာ ဖြစ်ပါတယ်။ စက္ကန့် ၄၀ ဆက်တိုက်လုပ်ပေးရင် ရပါပြီ။
April Han ကတော့ ဒီ Workout 6 မျိုးကို နေ့တိုင်း သေချာလုပ်ပေးသွားရင် 14 ရက်နဲ့ သိသာမယ်လို့ ပြောထားတာကြောင့် သေချာလေး Try ကြည့်သင့်ပါတယ်။