အားလုံးပဲ မင်္ဂလာပါ။ ကိုယ်မွေးဖွားတဲ့လအလိုက် ခံယူချက်တွေ အမူအကျင့်တွေက မတူတတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ April လမွေးဖွားသူတို့ရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအကျင့်တွေကို ဖော်ပြပါရစေ။ သင်က April လမွေးဖွားသူဆိုရင်တော့ဒီအကြောင်းအရာနဲ့အတူ Happy Birthday လို့ပြောပါရစေ။ April လမွေးဖွားသူတွေရဲ့ အကျင့်စရိုက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ စိတ်ထိခိုက်လွယ်ပြီး အလိုလိုသိနိုင်စွမ်းရှိတယ်

April လမွေးဖွားသူတွေက စိတ်ထိခိုက်လွယ်ပါတယ်။ နှလုံးသားခေါ်ဆောင်ရာနောက်လိုက်တတ်ကြပြီး အတွေးအခေါ်ကောင်းသူတွေဖြစ်ပါတယ်။

၂။ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတယ်

April လမွေးဖွားသူတွေက အခြားလူတွေကို အလွယ်တကူ ဆွဲဆောင်နိုင်ကြပါတယ်။

၃။ သတ္တိကောင်းတယ်

April လ မွေးဖွားသူတွေက ပေါင်းရသင်းရလွယ်ပြီး စိတ်ဓာတ်ခိုင်မာသူတွေဖြစ်ပါတယ်။ သူတို့ခံစားချက် သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောရဲသူတွေဖြစ်ပါတယ်။ ပြဿနာတွေကိုလည်း ရင်ဆိုင်ရဖို့ မကြောက်ရွံ့သူတွေဖြစ်ပါတယ်။


၄။ ဝါသနာကြီးတယ်

အစားအသောက်၊ စာအုပ်နဲ့ သိပ္ပံပညာ စတဲ့အရာတွေမှာ ဝါသနာကြီးကြပါတယ်။ သူတို့လုပ်တဲ့အရာကိုလည်း စိတ်ဝင်တစားလုပ်တတ်ကြပါတယ်။

၅။ သူငယ်ချင်းကောင်းတွေက သူတို့အတွက် အရေးပါတယ်

သူငယ်ချင်းတွေကို April လ မွေးဖွားသူတွေက အလေးထားကြပါတယ်။ ခင်တတ်သူတွေလည်းဖြစ်ပါတယ်။

၆။ ရိုမန့်တစ် ဆန်တယ်

April လမွေးဖွားသူတွေက စိတ်ကူးယဉ်ဆန်ပြီး စိတ်ကူးကောင်းကောင်းတွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ သူတို့ပိုင်ဆိုင်ထားတဲ့ ချစ်သူကို ရိုမန့်တစ်ဆန်ဆန် ချစ်တတ်ကြပါတယ်။

၇။ စိတ်မရှည်ဘူး


ကိစ္စတစ်ခုကို April လ မွေးဖွားသူတွေက စိတ်ရှည်ရှည်နဲ့ မစောင့်တတ်ကြပါဘူး။ ရလာတဲ့ ရလဒ်ကို ဘယ်လိုလဲ သိဖို့ စိတ်လောတတ်ကြပါတယ်။

သင်က April လ မွေးဖွားသူဆိုရင် ဘယ်အချက်တွေနဲ့ ကိုက်ညီမှုရှိလဲ ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar