အရွယ်မတိုင်ခင် မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတာကို တားဆီးဖို့ ခွဲစိတ်တာတွေလုပ်မယ်ဆိုရင် အသားလည်းနာပါတယ်။ အသားအနာခံမယ့်အစား မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာက ပိုကောင်းပါတယ်။

မျက်နှာမှာ အရေးအကြောင်းတွေ မြန်မြန်ဖြစ်မလာပဲ အသက်ကြီးတဲ့ထိ နုပျိုနေဖို့အတွက် နေ့စဉ်ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်း (၇) မျိုးရှိပါတယ်။ ပိုက်ဆံမကုန်ပဲ လှချင်ရင်တော့ လေ့လာကြည့်လိုက်နော်။

ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းလေးတွေနဲ့ မျက်ခုံးကနေ နဖူးအပေါ်ကို ဆွဲဆွဲတင်တဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။ တစ်ခါလုပ်ရင် အကြိမ် ၂၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ညှိုးကိုသုံးပြီး အရေပြားကိုဆွဲတင်လိုက်သလို ပြုံးပေးတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ရမှာပါ။ ဒါကိုတော့ ၁၀ ကြိမ်လုပ်ပေးပါ။

ပုံမှာပြထားတဲ့ပုံစံအတိုင်း နှုတ်ခမ်းကိုလုပ်ပေးရမှာပါ။ တစ်ကြိမ်လုပ်ရင် ပြထားတဲ့ပုံအတိုင်း ၅ စက္ကန့် (သို့) ၁၀ စက္ကန့်နေပေးရပါမယ်။ လုပ်ပေးရမယ့်အကြိမ်ရေကတော့ ၅ ကြိမ်ပါ။

ပုံမှာပြထားတဲ့အတိုင်း သွားစိပြီး လက်ညှိုးနှစ်ချောင်းကို အသုံးပြုကာ ပါးစပ်ထောင့်ကို ဆွဲပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၅ ကြိမ်လောက်လုပ်ပေးပါ။

မျက်လုံးအောက်မှာ အရေးအကြောင်းတွေပေါ်မလာအောင် ပုံမှာပြထားတဲ့အတိုင်း လက်ညှိုးကိုသုံးပြီး နှာခေါင်းနားကနေ နားထင်ဘက်ကိုဆွဲပြီး စက်ဝိုင်းပုံစံဖြေးညှင်စွာ နှိပ်နယ်ပေးပါ။

နှုတ်ခမ်းကိုစိပြီး ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းကို နှာခေါင်းဘေးမှာထားပြီး လေ့ကျင့်ခန်းလုပ်ရပါမယ်။ စက္ကန့်အနည်းငယ်လောက်ပဲ လုပ်ပေးရင်ရပါပြီ။

နှုတ်ခမ်းကို ပုံမှာပြထားတဲ့အနေအထားအတိုင်းလုပ်ပြီး ၃ စက္ကန့် (သို့) ၅ စက္ကန့်လောက် အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၅ ကြိမ်လောက်လုပ်ပေးရမှာပါ။

အခုပြောပြပေးလိုက်တဲ့ လေ့ကျင့်ခန်း (၇) မျိုးကို နေ့တိုင်းလုပ်ပေးဖို့တော့ လိုမယ်နော်။

Source: www.brightside.me