Skincare နည်းလမ်းနဲ့ပဲ အသားအရေကို ပိုနုသွားအောင် ထိန်းသိမ်းနိုင်တာ မဟုတ်ပါဘူး။ သင် ထားတဲ့ ဆံပင်ပုံစံနဲ့လည်း နဂိုထက် နှစ်ဆ ပိုငယ်သွားအောင် ဖန်တီးနိုင်ပါတယ်။ ကိုယ့်မျက်နှာကျအလိုက် ပိုလိုက်ဖက်သွားမယ့်၊ ပိုငယ်သွားမယ့် ဆံပင်ပုံစံတွေ ရှိပါတယ်။ သင့်မျက်နှာပုံစံနဲ့ ဆင်တူတဲ့ ဆံပင်စတိုင်ကို အောက်ဖော်ပြပါ ပုံတွေမှာရှာဖွေနိုင်ပါတယ်။

ဒါ့အပြင် အပြောင်းအလဲဖြစ်ချင်သူ ပျိုမေတို့အတွက် ဆံပင်ပုံစံ ပြောင်းတာက ဖြေဆေးတစ်ခုလိုပါပဲ။ ဆံပင်လည်း ပြောင်းရင်း၊ ပိုလည်း ဆယ်ကျော်သက်လေးလို ဖြစ်သွားစေဖို့ တစ်ချက်ခုတ် နှစ်ချက်ပြတ်စေမယ့် ဆံပင်စတိုင်တွေကို ဖော်ပြလိုက်ပါတယ်။
ဒီတော့ ကြည့်လိုက်ရအောင်နော်-

ဆံပင်အတို အတိ

သင်က ဆံပင်ပါးတယ်ဆိုရင် ဒီပုံစံကို စမ်းကြည့်နိုင်ပါတယ်။ ဂုတ်အထက် ရှေ့ဆံပင်ကို ဝိုက်ကာ ဆံမြိတ်ချနိုင်ပါတယ်။ သင့်မေးရိုးကို ပိုထင်းစေပြီး ပိုလှစေပါတယ်။

ရှေ့ဆံပင် အပြည့်ချတာ

နဖူးပေါ်က အရေးအကြောင်းတွေကို ရှေ့ဆံမြိတ်ထူထူလေးနဲ့ ကာ နိုင်ပါတယ်။

မျက်နှာကို ပိုသွယ်တယ်ထင်ရစေမယ့် Cut

မျက်နှာကို အရှင်းမထားဘဲ ဆံပင်အကွေးလေးနဲ့ မျက်နှာကျကို ပိုသွယ်စေမယ့် Hairstyle က ပျိုမေတိုင်းလိုလိုနဲ့လိုက်ဖက်ပါတယ်။

Long Layered Hair

သင်က ဆံပင်အရှည် ထားရတာ သဘောကျသူဆိုရင် ဆံပင်အရှည်မှာပဲ အရှည်မတူအောင် Step ကေ ညှပ်နိုင်ပါတယ်။ ဒီဆံပင်စတိုင်က သင့်မျက်နှာကို ပိုငယ်သွားစေပါလိမ့်မယ်။

ပါးစောင်နားလောက် အတို

သင်က အတိုကိုမှ ညှပ်ရဲတယ်ဆိုရင် ပါးစောင် နေရာနားလောက် အထိ အတိုညှပ်နိုင်ပါတယ်။ သွက်လက်တက်ကြွပြီး ပြတ်သားတဲ့ မိန်းကလေးပုံစံကို ပိုင်ဆိုင်စေပါလိမ့်မယ်။

အထူကို ပါးချလိုက်တဲ့ ဆံပင်စတိုင်

ဒီဆံပင်ကေက Step ကေနဲ့ ပုံစံတူပါတယ်။ ဆံပင်ထူတဲ့ ပျိုမေတို့အနေနဲ့ ဒီအတိုင်း တုံးတိကြီး အရှည်ထားတာကမျက်နှာပိုရင့်စေပါတယ်။ ဒီပုံစံလေးက အဆင်ပြေမှာပါ။

ဆံပင်အတိုအကွေးလေး

ငယ်ရွယ်နုပျိုစေတဲ့ အရှည် အနေအထားလို့ ပြောတတ်ကြတဲ့ ပါးစောင်နဲ့ နားသီး ကြားထဲက ဆံပင်အတိုကမျက်နှာပိုငယ်တယ်ထင်ချင်သူတို့ အတွက် အဆင်ပြေပါတယ်​။

ဆံပင်အတို အတွန့်

နဂို ဆံသားကောက်သူတွေ အနေနဲ့ ဆံပင်တို ညှပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ သင့်လည်ပင်းကို ပိုရှည်တယ်ထင်ရစေပြီး ပေါ့ပေါ့ပါးပါး စတိုင် ပိုင်ဆိုင်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar