အသက် 40 ကျော်လာတဲ့အခါ အသားအရေက ငယ်ငယ်တုန်းကလိုမဟုတ်ဘဲ အရင်ကထက် အိုမင်းရင့်ရော်လာတယ်လို့ ခံစားနေမိလား ? သဘာဝအလှကို မြှင့်တင်ပေးနိုင်ပြီး နုပျိုတောက်ပမှုကို ထိန်းသိမ်းပေးနိုင်ဖို့အတွက် Anti-Ageing Skin Care Routine ကို ဝေမျှပေးချင်ပါတယ်။

အသက် ၄၀ ကျော် အမျိုးသမီးတွေအတွက် အိုမင်းရင့်ရော်မှုကို လျော့ကျစေတာမလို့ ငယ်ရွယ်မှုကို သဘောကျတဲ့အမျိုးသမီးတွေ မဖြစ်မနေလိုက်နာသင့်တဲ့အချက်တွေပါ။

Cleansing

ကျန်းမာတဲ့အသားအရေကို ရရှိဖို့ အရေးကြီးတဲ့ ပထမခြေလှမ်းက Cleansing ပါ။ နူးညံ့ပြီး သဘာဝ pH မျှတမှုကို မထိခိုက်စေတဲ့ အစိုဓာတ်ကိုထိန်းထားပေးတဲ့ Hyaluronic Acid သို့မဟုတ် Ceramides စတဲ့ ပါဝင်ပစ္စည်းပါတဲ့ Cleansing ကို ရွေးသုံးပေးပါ။ မျက်နှာကို တစ်နေ့ နှစ်ကြိမ် ပုံမှန်သစ်ပေးပါ။

Treatments

အသက်အရွယ်ကြီးလာတာရဲ့ လက္ခဏတွေကို ဖြေရှင်းနိုင်ဖို့က အသားအရေပုံမှန်ထိန်းသိမ်းရုံသာမက Anti-Ageing အတွက် ရည်ရွယ်တဲ့ Treatments မျိုးကိုလည်း ယူသင့်ပါတယ်။

Healthy Lifestyle Habits

ကျန်းမာတဲ့လူနေမှုပုံစံရဲ့ အလေ့အကျင့်တွေက အသားအရေရဲ့ကျန်းမာရေးကို သိသိသာသာ အထောက်အကူပြုနိုင်တာမလို့ ရေဓာတ်ပြည့်ဝနေအောင် ရေများများသောက်ပေးပါ။ ၊ Antioxidants ကြွယ်ဝတဲ့အစားအစာကို စားပေးပါ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ၊ စိတ်ဖိစီးမှုမခံပါနဲ့။

Exfoliation

ဆဲလ်အသေတွေကိုဖယ်ဖို့နဲ့ လန်းဆန်းတဲ့ အသားအရေကိုရဖို့ Exfoliation လုပ်ပေးဖို့ မမေ့ပါနဲ့။ Exfoliation လုပ်တဲ့အခါ ခနခနမလုပ်ဘဲ တစ်ပတ်မှာ အလွန်ဆုံး ၂ ကြိမ်လောက်သာ လုပ်ပေးပါ။

Eye Care

မျက်လုံးတစ်ဝိုက်ကအသားအရေက တခြားအသားအရေတွေထက် ပိုပြီး နုနယ်တာမလို့ အရေးအကြောင်းဖြစ်နိုင်ချေက ပိုမြင့်ပါတယ်။ ဒါကြောင့် Hyaluronic Acid နဲ့ Antioxidants များပါတဲ့ Eye Cream သို့မဟုတ် Serum ကို လိမ်းပေးပါ။ လိမ်းတဲ့အခါ လက်သူကြွယ်ကိုသုံးပြီး မျက်ရိုးတစ်လျှောက်ကို မနက်ရော ညရော နှိပ်ပေးပါ။

Hydration

နုပျိုတဲ့အသားအရေကို ထိန်းသိမ်းဖို့ နောက်ထပ်အရေးကြီးတဲ့အချက်က ရေဓာတ်ပါ။ Hyaluronic Acid ၊ Glycerin ဒါမှမဟုတ် Jojoba တို့လို သဘာဝအဆီတွေနဲ့ ရေဓာတ်ပါတဲ့ Moisturizer ကို လိမ်းပေးပါ။ အသားအရေကို ပြန်လည်နုပျိုစေပြီး အာဟာရပိုဖြည့်တင်းနိုင်ဖို့ ညဘက်မှာ အဖြစ်မနေလိမ်းပေးပါ။

Sun Protection

အသားအရေကို ဒုက္ခပေးတဲ့ UV rays ကနေကာကွယ်ဖို့ SPF အနည်းဆုံး 30 ရှိတဲ့ Sunscreen လိမ်းပေးပါ။ နေပူထဲသွားတဲ့အခါ နှစ်နာရီတစ်ကြိမ် ပြန်လိမ်းပေးပါ။ နူးညံ့တဲ့မျက်လုံးတစ်ဝိုက်ကို ကာကွယ်ဖို့ အပြင်သွားတဲ့အခါ ဦးထုပ် ၊ နေကာမျက်မှန်တို့ကို မဖြစ်မနေဝတ်ပေးပါ။