ပျိုမေတို့ မင်္ဂလာပါနော်။ ပန်းစည်းလေးတွေကိုင်ပြီးရိုက်ချင်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်စိုက်ထားတဲ့အပင်လေးတွေနဲ့ တွဲရိုက်ချင်လို့ပဲဖြစ်ဖြစ် ကြည့်လိုက်တာနဲ့ မျက်စိအေးစေမယ့် စိတ်ကူးယဉ်ဆန်ဆန်ဓာတ်ပုံလေးတွေရဖို့ အလှဆုံး Pose ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ သင်က အပင်လေးတွေရှိတဲ့ ပတ်ဝန်းကျင်မှာ အချိန်ဖြုန်းရတာကြိုက်တဲ့သူဆိုရင် ဒီလိုပိုစ့်လေးတွေပေးပြီး အမှတ်တရဓာတ်ပုံလှလှလေးတွေ ရိုက်ကြည့်နိုင်ပါတယ်နော်။

ပထမဆုံး ပန်းပွင့်လေးတွေကို ဒီလိုမျက်နှာနားကပ်ပြီး ရိုက်တဲ့ပုံစံလေးလုပ်ကြည့်ပါ။ သင့်မျက်နှာလေးကို ပိုပြီး ကြည့်ကောင်းသွားစေမှာပါ။

မေးလေးထောက်ကာ ပန်းပင်တွေကြားထိုင်ပြီး ရိုက်တာမျိုးကလည်း သင့်ကို ပန်းလေးတွေနဲ့အပြိုင်လှနေတဲ့ပုံလေးကိုရစေပါလိမ့်မယ်။

ကင်မရာရှေ့ကို ပန်းပေးနေသလိုလုပ်ရတဲ့ Pose လေးကလည်း ချစ်ဖို့ကောင်းပြီး ချစ်သူကောင်လေးနဲ့အတူရိုက်သလို Girlfriend Material ပုံစံလေးကိုရစေမှာပါ။

ပန်းနံ့လေးရှုနေသလို Pose ပေးတာမျိုးကလည်း စိတ်ကူးယဉ်ဆန်ပြီးအရမ်းလှပါတယ်။

ပန်းလေးတစ်ပွင့်နဲ့ မျက်နှာလေးကိုကွယ်ပြီးရိုက်တာမျိုးကလည်း တစ်မျိုးလေးဆန်းပြီး Classic ဖြစ်စေမယ့် Pose လေးဖြစ်ပါတယ်။

ဒီလိုပန်းအိုးလေးတွေကိုင်ပြီး ရိုက်တာမျိုးကလည်း အပင်ချစ်တတ်တဲ့သူတွေအတွက် အရမ်းကြည့်ကောင်းစေမယ့် ပုံစံလေးပါ။

ကိုယ်ဝတ်ထားတဲ့ Outfit အရောင်နဲ့တူတဲ့ ပန်းပင်လေးတွေရှေ့မှာ ရိုက်တာက အရောင်လွင်လွင်လေးနဲ့ ပြီးပြည့်စုံတဲ့ အမှတ်တရဓာတ်ပုံလေးကို ရစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar