မင်္ဂလာပါနော်။ ရှေးယခင်တုန်းက အခုလို ခေတ်မှီ အလှကုန်ပစ္စည်းတွေမရှိဘဲ အမျိုးသမီးတွေရဲ့ ဆံကေသာဟာ အရမ်းကိုသန်စွမ်းကျန်းမာခဲ့ကြ ပါတယ်။

ဒီလို သန်စွမ်းကျန်းမာအောင် သူတို့အသုံးပြုခဲ့တဲ့ လျှို့ဝှက်ချက်ထဲကတစ်ခုကတော့ ထမင်းရည် ဖြစ်ပါတယ်။

ထမင်းရည်အစား ဆန်ဆေးရည်လည်း သုံးလို့ရပါတယ်နော်။

အခုလို ထမင်းရည်ကို အသုံးပြုပေးပြီး ဆံကေသာ နက်မှောင် သန်စွမ်းပြီး တောက်ပအောင် ပြုလုပ်လို့ရတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေ တဆင့် မျှဝေပေးလိုက်ပါတယ်။

ဆန် ခွက်တစ်ဝက်

ရေ ၅ ခွက် မှ ၁၀ ခွက်အထိ

အရင်ဆုံး ဆန်ကို ရေ ၂ ကြိမ် ၃ ကြိမ်လောက်ဆေးပါ။ ပြီးရင် အိုးထဲကိုထည့်ပြီး ရေဖြည့်ကာ ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ ပွက်ပြီဆိုရင် ၁၅ မိနစ်လောက်ထားပါ။ ရေခမ်းရင် ရေထပ်ဖြည့်ပါ။ ပြီးရင်တော့ အပူလျှော့လိုက်ကာ အေးအောင်ထားလိုက်ပါ။ အဲဒီနောက် ဘူးတစ်ခုထဲ ထည့်ထားလိုက်ပြီး အသုံးပြုလို့ရပါတယ်။

ရလာတဲ့ ထမင်းရည်ကို သင့်ရဲ့ ဦးရေပြားနဲ့ ဆံကေသာအနှံ့ လိမ်းပေးလိုက်ပြီး ဦးရေပြားကို ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ၅ မိနစ်လောက်နှိပ်နယ်ပေးပြီး ၂ မိနစ်လောက်ထားကာ ခေါင်းလျှော်ချလိုက်ပါ။

တစ်ပတ်ကို ၂ ကြိမ် (သို့) ခေါင်းလျှော်တိုင်းလုပ်ပေးနိုင်ပါတယ်နော်။