ခေတ်သစ် အီတလီပန်းချီဆရာတစ်ဦး ဖြစ်တဲ့ Giulia Rosa က မျက်စိတစ်မှိတ်အတွင်းမှာပဲ ကာတွန်းကြိုက်သူတွေ ဘယ်လိုမှ မမေ့န်ိုင်တဲ့ ဇာတ်ကောင်တွေကနေ အသွင်ပြောင်းကာ အများစု စိတ်ဝင်စားကြတဲ့ Zodiac Sign Character တွေအနေနဲ့ ရေးဆွဲလိုက်နိုင်ပါပြီ။ သူမရဲ့ လက်ရာတွေကနေ တဆင့် အမျိုးသမီးတွေရဲ့ တည်ရှိမှုဟာ လွှမ်းမိုးနိုင်စွမ်းရှိပြီး ကြောက်ရွံ့နေတဲ့အချိန်မှာတောင် တစ်ပြိုင်နက် ခွန်အားကြီးနိုင်ကြောင်း သိရှိနိုင်ပါတယ်။ သူမရဲ့ ရေးဆွဲမှုတိုင်းက သိမ်မွေ့ကာ တစ်ခုချင်းဆီမှာ တွေးရင် တွေးန်ိုင်သလို အဓိပ္ပာယ်များစွာ ရှိနေပါတယ်။

သူမက အောက်ဖော်ပြပါ ပုံတွေမှာတော့ Zodiac Sign တွေရဲ့ အကြောင်းကို ထင်ဟပ်စေတဲ့ Disney Cartoon ဇာတ်ကောင်တွေနဲ့ တွဲဖက် ဖော်ပြထားပါတယ်။ ဒီထဲ ဗီလိန် ဇာတ်ကောင်ပါသလို လူကောင်းနေရာက သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တွေလည်း ပါဝင်ပါတယ်။ ဒီဇာတ်ကောင်တွေရဲ့ ပုံစံနဲ့ သင့်ပုံစံက ဆင်တူနေလားပါ တွေးကြည့်နိုင်ပါတယ်။ သင်က Disney ကာတွန်းထဲက ဘယ်ဇာတ်ကောင်ကို ပိုင်ဆိုင်မလဲ ဆက်ကြည့်လိုက်ပါနော်။

Mulan အနေနဲ့ Leo

Queen of Hearts အနေနဲ့ Aries

Elsa အနေနဲ့ Virgo

Ursula အနေနဲ့ Pisces

Rapunzel အနေနဲ့ Gemini

Pocahontas အနေနဲ့ Capricorn

Maleficient အနေနဲ့ Scorpio

Jasmine အနေနဲ့ Sagittarius

Esmeralda အနေနဲ့ Aquarius

Rapunzel ထဲက Mother Gothel အနေနဲ့ Cancer

Snow White အနေနဲ့ Libra

စင်ဒရဲလား ဇာတ်လမ်းထဲက မိထွေး Lady Tremaine အနေနဲ့ Taurus

သင်က ဗီလိန်ကာရိုက်တာလား လူကောင်း ကာရိုက်တာ လား ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar