အားလုံးပဲ မင်္ဂလာပါ။ ဓာတ်ပုံပညာရှင်များ၊ ပန်းချီပညာရှင်များစတဲ့ အနုပညာရှင်တွေက သာမန်လူတွေထက် စိတ်ကူးယဉ်ဆန်ပြီး တီထွင်ဖန်တီးကြံဆနိုင်စွမ်းလည်း မြင့်မားကြပါတယ်။

တစ်ခါတရံ သူတို့ဖန်တီးလိုက်တဲ့ ပုံလေးတွေက အင်မတန်လက်ရာမြောက်လှသလို၊ တချို့ ပုံတွေကျပြန်တော့ နားမလည်လို့ ၂ ခါ၊ ၃ ခါလောက် ထပ်တလဲလဲကြည့်ပေမယ့်လည်း ထိုပုံတွေရဲ့ အဓိပ္ပာယ်မှန်ကိုတော့ ပန်းချီရေးဆွဲသူ၊ ဓာတ်ပုံရိုက်ကူးသူ ကာယကံရှင်တွေပဲ နားလည်ပါလိမ့်မယ်။

အဲ့ဒီ အနုပညာရှင်တွေထဲကမှ Monica Carvalho ဆိုသူက သြချရလောက်တဲ့ ဓာတ်ပုံလေးတွေဖန်တီးပြီး သူ့ရဲ့ အင်စတာဂရမ်မှာ တင်လေ့ရှိပါတယ်။ သူ့ပုံတွေက ကြည့်ရှုသူပရိသတ်ကို တော်တော်လေးဖမ်းစားနိုင်တဲ့အတွက်ကြောင့် MyStyle Myanmar ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

ဓာတ်ပုံထဲက မျှော်စင်လား၊ ဒါမှမဟုတ် လက်မှာ ကိုင်ထားတဲ့ ခဲတံလား

ကော်ဖီခွက်ထဲမှာ ကော်ဖီလျှောစီး

အိပ်မပျော်တဲ့ ညတွေအတွက် အသုံးဝင်မယ့် မျက်လုံးဇစ်

ကမ်းခြေဆံပင်

မြင်းနဲ့ သဲကန္တာရ ပေါင်းစပ်ထားခြင်း

ရှည်လျားလွန်းသော လျှာ

မျက်လုံးကို အတင်းနှိုက်ထုတ်နေသော လက်များ

သစ်ပင်ပေါ်၌ လမ်းလျှောက်ခြင်းအနုပညာ

ဂီတာကြိုးပေါ် လမ်းလျှောက်ကြမယ်လေ

လက်ဖဝါးကမ်းခြေပေါ်မှာ နေပူဆာလှုံ့နေကြတဲ့ သူတို့

စာမျက်နှာပေါ်၌ အိပ်စက်ခြင်း

မတ်ခွက်ထဲမှ တောင်တန်းကြီး

ကိုယ်ပျောက်လူသား

ဧရာမလူသားကြီး

သူ့လို ဒန်းစီးရဲကြလား

ဧရာမငှက်ကြီး

ဒီသစ်ပင်လေး ဝယ်ကြဦးမလား

လမ်းမထက်မှာ အိပ်စက်နေသော ဧရာမလူသား

Source: Brightside.me