အသက် ၂၁ သာရှိသေးတဲ့ အမေရိကန်သူလေး Emma Chamberlain ဟာဆိုရင် ၁၆ နှစ်အရွယ်မှာ ကိုယ်ပိုင် Youtube Channel တစ်ခုနဲ့ သူမရဲ့အကြောင်းလေးတွေ မျှဝေခဲ့ပြီး လက်ရှိမှာ Subscriber ပေါင်း ၁၂သန်းကျော်ထိ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ နာမည်ကြီး Youtuber တစ်ဦးဖြစ်ပါတယ်။ Emma ဟာ အသက်ငယ်ပေမယ့် သွက်လက်ပြီး ဟာသနှောကာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ သူမရဲ့စကားပြောဟန်တွေကြောင့် ကြည့်ရှုသူပရိသတ်တွေကြား လူသိများလာခဲ့သူပါ။


Emma ဟာ သူမရဲ့ လူကြည့်များတဲ့ Youtube Video တွေကြောင့် နာမည်ကြီး Influencer ဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်ကစလို့ ဖက်ရှင်ရှိုးလျှောက်လမ်းတွေမှာ မော်ဒယ်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ သူမဟာ ကိုယ်တိုင်က ကော်ဖီကြိုက်တတ်သူဖြစ်လို့ “Chamberlain Coffee” ဆိုတဲ့ ကိုယ်ပိုင် Coffee Brand တစ်ခုကိုပါ ထုတ်ထားသူ တစ်ယောက်ပါ။


စကားပြောကောင်းသူဖြစ်တာမို့ လက်ရှိမှာ ကိုယ်ပိုင် ရေဒီယို Show အတွက် အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့အပြင် နာမည်ကြီး ကမ္ဘာကျော် ဖက်ရှင်ပွဲကြီးဖြစ်တဲ့ “Met Gala” ပွဲအတွက်လည်း ၂၀၂၂ ကနေ အခုနှစ်အထိ နှစ်နှစ်ဆက်တိုက် Host အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးသူပါ။ မော်ဒယ်လ်အနေနဲ့ရော ဖက်ရှင်ရှိုး Host အဖြစ်ပါ လုပ်ကိုင်နေသူမို့ ဖက်ရှင်အမြင်ရှိပြီးသားသူဆိုရင်လည်း မမှားပါဘူး။


သူမရဲ့ နေ့စဉ်ဖက်ရှင်စတိုင်တွေက လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနဲ့ အထာကျတာမို့ အခုခေတ် လူငယ်ကောင်မလေးတွေအကြိုက် ကွက်တိပါပဲ။ ဒီတော့ ပျိုမေတို့လိုက်ဝတ်နိုင်မယ့် Emma ရဲ့ အလန်းစားဖက်ရှင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar