မင်္ဂလာပါနော်။ ဆံကေသာတွေ ထိခိုက်ပျက်စီးနေလို့ စိတ်ညစ်နေလား။ အခုလို ထိခိုက်ပျက်စီးနေတဲ့ ဆံကေသာတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

၁။ ဆံပင်အဖျားလေးတွေကို တိပေးပါ

ဆံပင်အဖျားလေးတွေကို ၂ လတစ်ကြိမ်လောက် ပုံမှန်တိပေးပါ။ ဆံပင်အဖျားတွေကို တိပေးတာဟာ ဆံပင်အဖျားနှစ်ခွဖြစ်တာကို သက်သာစေပါတယ်။ မဟုတ်ရင်တော့ ဆံပင်အဖျားနှစ်ခွတွေများပြီးဆံပင်က ပိုပြီး ပျက်စီးမှာပါ။

၂။ အပူပေးစက်နဲ့ ဝေးဝေးမှာနေပါ

အပူပေးစက်တွေက ဆံကေသာကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် အပူပေးစက်တွေကို နေ့စဉ်အသုံးပြုပေးခြင်းမှ ရှောင်ကျဉ်ပါ။ ဆံပင်ဖြောင့်စက် ၊ကောက်စက်တွေကို တတ်နိုင်သမျှမသုံးပါနဲ့။

၃။ သင့်တော်တဲ့ ခေါင်းလျှော်ရည်သုံးပါ

မိမိရဲ့ ဆံပင်အမျိုးအစား၊ ဦးရေပြားအမျိုးအစားနဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကိုသုံးပါ။ တစ်ပတ်ကို ဆံပင် ၂ ကြိမ် ၃ ကြိမ်လောက်ပဲလျှော်ပါ။

၄။ ပေါင်းဆေးသုံးဖို့မမေ့ပါနဲ့

ဆံပင်အဖျားလေးတွေကို ပေါင်းဆေးထည့်ပေးဖို့မမေ့ပါနဲ့။ တစ်လတစ်ကြိမ်လောက် အချိန်ပေးပြီး ပေါင်းတင်တာမျိုးလုပ်သင့်ပါတယ်။

၅။ ဆီသုံးပါ

မိမိဆံကေသာက ခြောက်သွေ့နေရင် အုန်းဆီကို အပူပေးလိုက်ပြီး ဆံပင်အရင်းကနေ အဖျားထိလိမ်းလိုက်ပါ။ ပြီးရင် ဦးရေပြားကို ၅ မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ၂ ပတ်ကို ၁ ကြိမ် ၂ ကြိမ်လောက်လုပ်ပေးပါ။

၇။ အစားအသောက်လည်း အရေးကြီးပါတယ်

ဆံကေသာအတွက် ကောင်းမွန်တဲ့ စအားအစာတွေကို စားပေးဖို့လိုပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ကျန်းမာနေမှ ဆံကေသာလည်း ကျန်းမာမှာပါ။ ပရိုတင်း၊ သံဓာတ်၊ Zinc နဲ့ ဗီတာမင်ပါတဲ့ အစားအစာတွေစားပေးပါ။ အသီးအရွက် များများစားပါ။

၈။ ဆံပင်ထပ်မံပျက်စီးစေမယ့် အရာကို ရှောင်ပါ

ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းနဲ့ ဆံသားကျိုကြေခြင်းအတွက် အကောင်းဆုံး သဘာဝနည်းအတိုင်း ပေါင်းတင်နည်းတွေ

အရောင်ဆိုးတာ၊ ဆံပင်ကို ဖြောင့်လိုက် ကောက်လိုက်လုပ်တာဟာ ဆံကေသာကို ပိုလို့ပျက်စီးစေပါတယ်။ သင့်ရဲ့ ပင်ကို ဆံပင်အရောင်နဲ့လည်း သင်ကလှပြီးသားပါ။

၉။ မှန်ကန်တဲ့ ခေါင်းဘီးရွေးချယ်ပါ

ခေါင်းဘီးကို သေချာရွေးချယ်ပါ။ ဘီးစိပ်ထဲ ဘီးကြဲတာကို သုံးပါ။ ခေါင်းလျှော်ပြီးပြီးချင်း ခေါင်းဖြီးတာမျိုး မလုပ်ပါနဲ့။