သင်က လက်ရှိအချိန်မှာ ရည်းစားထားတာ အချိန်တစ်ခု ကြာလာပြီဆိုရင် အောင်မြင်ပျော်ရွှင်တဲ့ စုံတွဲတွေမှာကော ဘယ်လိုတွေ ကြုံတတ်လဲ၊ ဘယ်လိုတွေ ရှေ့ဆက်ကြလဲ သိချင်မှာပါ။ သင်ကိုယ်တိုင်လည်း အောင်မြင်ပျော်ရွှင်တဲ့ ဆက်ဆံရေးထဲကို မသိလိုက်ဘဲ ရောက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို သိနိုင်ဖို့က ပျော်ရွှင်တဲ့ စုံတွဲတွေရဲ့ အပြုအမူတွေက ဘယ်လိုလဲ သိထားခြင်းပါ။ ဒီတော့ သင်တို့ စုံတွဲက အောင်မြင်ပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရဲ့လား ဆန်းစစ်ကြည့်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ သူတို့မှာ ရှိတဲ့အရာအတွက် ကျေးဇူးတင်တတ်တယ်

သင်သတိထားမိမလားတော့ မသိပါဘူး။ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ သူတို့ ပြောင်းလဲလို့ မရတဲ့ အရာအတွက် ဝမ်းနည်းမနေဘဲ အရှိကို အရှိအတိုင်း လက်ခံကာ ကျေးဇူးတင် တန်ဖိုးထားတတ်ကြပါတယ်။ သင့်ကောင်လေးမှာ သင်မကြိုက်တဲ့အချက်တွေ ရှိသလို သင်သဘောကျမိတာတွေလည်း ရှိမှာပါ။ ဒါအတွက် ကျေးဇူးတင် တန်ဖိုးထားသင့်ပါတယ်။

၂။ သူတို့က အချိန်အတူတူ ကုန်ဆုံးကြတယ်

အချိန်တူတူ ကုန်ဆုံးခြင်းဆိုတာ အခန်းတစ်ခုတည်း အတူတူ ရှိနေပေမယ့် အချင်းချင်း လျစ်လျူရှှုကာ ကိုယ်လုပ်ချင်တာ လုပ်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ပျော်ရွှင်တဲ့ စုံတွဲတွေက တန်ဖိုးရှိတဲ့ Quality Time တစ်ခု အတူတူ ဖြတ်သန်းကြတာပါ။ ဒီ Quality Time ထဲမှာ နှစ်ယောက်လုံး သဘောကျတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်နိုင်ပါတယ်။ ရုပ်ရှင်ကြည့်တာ၊ ပန်းခြံထဲ လမ်းအကြာကြီး လျှောက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

၃။ ရှင်းလင်းတဲ့စည်းတစ်ခု ထားတယ်

လူတိုင်းမှာ မသိစေချင်တဲ့၊ ကန့်သတ်ထားတဲ့ စည်းတစ်ခု အမြဲရှိပါတယ်။ သင်က သင့်ချစ်သူဆိုပြီး သူ့ဘဝကို အကုန်လုံး လိုက်စွက်ဖက်လို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း နေရာလွတ်တစ်ခုပေးကာ စည်းခြားထားခြင်းကို ပျော်ရွှင်တဲ့ စုံတွဲတွေ လုပ်လေ့ရှိပါတယ်။

၄။ တောင်းပန်တဲ့အခါ အကြောင်းပြချက်ပေးတယ်

အောင်မြင်ပျော်ရွှင်တဲ့ စုံတွဲတွေဟာ တစ်ခုခု မှားရင် ဘာကြောင့်မှားလဲ အကြောင်းအရင်း အမှန်ကို ပြောဆိုတတ်ကြပါတယ်။ ဒီအပြုအမူက ပိုရိုးသားတဲ့ လူတစ်ယောက် ဖြစ်စေနိုင်လို့ပါ။

၅။ အတူတူ ပျော်ဖို့အတွက် ပိုက်ဆံစုထားကြတယ်

ပျော်ရွှင်တဲ့ စုံတွဲတွေဟာ ရေတိုခဏ ပျော်ရွှင်မှု အတွက်ကိုပဲ မကြည့်ကြဘဲ အနာဂတ်မှာ ပျော်စရာတစ်ခုခု ဖန်တီးဖို့ ရည်ရွယ်ကာ ပိုက်ဆံစုထားတတ်ကြပါတယ်။

၆။ အလုပ်လုပ်တဲ့အချိန် အတွက်မရွေးဘူး

အိမ်မှု ကိစ္စကို အမျိုးသမီးတွေပဲ လုပ်ရမယ်ဆိုတဲ့ အတွေးကို ပျော်ရွှင်တဲ့ စုံတွဲတွေက မတွေးတတ်ကြပါဘူး။ အချင်းချင်းညှိနှိုင်းကာ တာဝန်တွေကို ခွဲဝေ ယူတတ်ကြပါတယ်။

၇။ အချင်းချင်း ကြင်နာ ယုယဖို့ မမေ့ကြဘူး

ပျော်ရွှင်တဲ့ စုံတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက် ကြင်နာ ဂရုစိုက်မှုတွေ ပေးဖို့ ဝန်မလေးကြပါဘူး။

၈။ ဒဏ်မပေးတတ်ကြဘူး

တချို့စုံတွဲတွေဟာ တစ်ခုခု မကျေနပ်တာနဲ့ သူ့အတွက် ဘာမလုပ်ပေးတော့ဘူး၊ ညာမလုပ်ပေးတော့ဘူးဆိုပြိး ကန့်သတ်ကာ အမူအရာနဲ့ အပြစ်ပေးတတ်ကြပါတယ်။ ဒီအပြုအမူက Manipulating လုပ်ခြင်းလို့ ခေါ်ပါတယ်။ သင့်အနေနဲ့ အောင်မြင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ချင်ရင် ကိုယ်မကြိုက်တာကို ကိုယ့်လက်တွဲဖော်ဆီ ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ အပြုအမူနဲ့ ဒဏ်ပေးတာမျိုး မလုပ်သင့်ပါဘူး။

သင့်ချစ်ရသူကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar